News

Latest News - 33412 items

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်

Ministry of Information / Posted on February 21, 2023

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ ရက်နံနက်ပိုင်းတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သထုံမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသွားမော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးသေဆုံး

Ministry of Information / Posted on February 21, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အကြမ်းဖက်သမားများက ခရီးသွားမော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်၍ အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

ကျောက်တံခါးမြို့နယ်၊ ခင်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း) “ကျီးရိုး” ရိုးချောင်းတံတားအမှတ်(၁/၁၀၅)အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

Ministry of Information / Posted on February 21, 2023

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ခင်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်း(လမ်းဟောင်း) မိုင်တိုင်အမှတ် ၁၀၄ မိုင်နှင့် ၁၀၄ မိုင် ၁ ဖာလုံကြားရှိ “ကျီးရိုး” ရိုးချောင်းတံတားအမှတ်(၁/၁၀၅)အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

Ministry of Information / Posted on February 21, 2023

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၁၂ ဦးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့၌ ဒေသခံပြည်သူ ၁၃၁၄ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ဆေကဝတီဗုဒ္ဓတက္ကသိုလ် ပထမအကြိမ် သင်ကြား/ စီမံဆရာများ၏ သုတေသနစာတမ်းဖတ်ပွဲ အောင်ပွဲပြုလုပ်

Ministry of Information / Posted on February 21, 2023

ဆေကဝတီဗုဒ္ဓတက္ကသိုလ် ပထမအကြိမ် သင်ကြား/ စီမံဆရာများ၏ သုတေသနစာတမ်းဖတ်ပွဲအောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီဗုဒ္ဓတက္ကသိုလ်၊ ချမ်းမြေ့ဂုဏ်ဝေပရိယတ္တိ သီလရှင်စာသင်တိုက်ကြီး၌ပြုလုပ်ရာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရအမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

Ministry of Information / Posted on February 21, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

Ministry of Information / Posted on February 21, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၀-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၁-၂-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၀၁၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိရပါ။

အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on February 21, 2023

အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်

မြန်မာ - ထိုင်းနှစ်နိုင်ငံ လက်တွဲ၍ မူးယစ်ကင်းစင်သော ဒေသတစ်ခုဖြစ်ပေါ်လာစေရေး ကြိုးပမ်းတည်ဆောက်သွားမည်

Ministry of Information / Posted on February 21, 2023

(၂၄)ကြိမ်မြောက် မြန်မာ - ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပသည်။

နိုင်ငံ့ဝန်ထမ်း ကျွမ်းကျင်မှုအရည်အချင်း မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Ministry of Information / Posted on February 21, 2023

နိုင်ငံ့ဝန်ထမ်း ကျွမ်းကျင်မှုအရည် အချင်း မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။