ဆေကဝတီဗုဒ္ဓတက္ကသိုလ် ပထမအကြိမ် သင်ကြား/ စီမံဆရာများ၏ သုတေသနစာတမ်းဖတ်ပွဲ အောင်ပွဲပြုလုပ်

ဆေကဝတီဗုဒ္ဓတက္ကသိုလ် ပထမအကြိမ် သင်ကြား/ စီမံဆရာများ၏ သုတေသနစာတမ်းဖတ်ပွဲ အောင်ပွဲပြုလုပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 21, 2023
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၁

ဆေကဝတီဗုဒ္ဓတက္ကသိုလ် ပထမအကြိမ် သင်ကြား/ စီမံဆရာများ၏ သုတေသနစာတမ်းဖတ်ပွဲအောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီဗုဒ္ဓတက္ကသိုလ်၊ ချမ်းမြေ့ဂုဏ်ဝေပရိယတ္တိ သီလရှင်စာသင်တိုက်ကြီး၌ပြုလုပ်ရာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရအမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော်ထံမှ သာရဏီယဩဝါဒကထာ နာယူကြသည်။ ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်(ငြိမ်း) အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာနာပြု တက္ကသိုလ်ဂုဏ်ထူးဆောင် ပါမောက္ခဆရာတော် ဒေါက်တာ ဘဒ္ဒန္တအာဒိစ္စံသဝံသ က သုတေသနစာတမ်းများနှင့်စပ်လျဉ်း၍ သုံးသပ်မိန့်ကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အကောင်းဆုံးသုတေသန စာတမ်းရှင်ဆုများကို ချီးမြှင့်ဆက်ကပ်၍ သုတေသနစာတမ်းရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ဆက်ကပ်ပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် ဆေကဝတီဗုဒ္ဓတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဒေါ်ဆေကဝတီက ကျေးဇူးတင်စကားလျှောက်ထားသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။