နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်


Ministry of Information/ Naypyitaw / February 21, 2023
image_latest


၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ ရက်နံနက်ပိုင်းတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ သဘာပတိအလုပ်သမားညွန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဟုန်းကီးက (၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ မိန့်ခွန်းပြောကြားပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်းဆွန်းထန်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဂုဏ်ပြုအမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ (၇၅)နှစ်မြောက်  စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနားအတွက် လှူဒါန်းငွေကျပ် သိန်း (၂၀၀) ကို ချင်းပြည်နယ် ဝန်ကြီးချုပ်ထံပေးအပ်သည်။ ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီး   ဦးမင်းသိန်းဇံက အားကစားပစ္စည်းများအားလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မျိုးစေ့နှင့် ဓာတ်မြေဩဇာထုတ်များအားလည်းကောင်း၊ ပြည်နယ်အစိုးရတာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူများနှင့် ဂုဏ်ထူးဆောင်ဆုရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်တာဝန်ရှိသူများက အသီးသီးပေးအပ်သည်။ ဆက်လက်၍ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများက SAR LAM (အောင်ပွဲခံအက)၊ တီးတိန်ရိုးရာအကများဖြင့် ကပြဖျော်ဖြေပြီး တာဝန်ရှိသူများနှင့်အတူ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အဖွဲ့သည် ချင်းရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ပြီး  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြခန်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြခန်းအား လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်းဆွန်းထန်မှ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများကို ရှင်လင်းတင်ပြသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက် ခဲ့မှုများနှင့် တိုးတက်ပြောင်းလဲမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပြည်နယ်အဆင့်အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ဟားခါးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးနှင့်ဝန်ထမ်းများကို တွေ့ဆုံပြီး ဆေးရုံသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ဆေးရုံတက်ရောက် ကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကြောင်း သတင်းရရှိသည်။