သထုံမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသွားမော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးသေဆုံး

သထုံမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသွားမော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးသေဆုံး


Ministry of Information/ Naypyitaw / February 21, 2023
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အကြမ်းဖက်သမားများက ခရီးသွားမော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်၍ အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ(ရွာသစ်)အနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၃ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးနိုင်မင်းထွန်း(ခ)ဝက်ကလေး(၃၄)နှစ်သည်  Toyota Hilux အဖြူရောင်ယာဉ်ဖြင့် အဆိုပါလမ်းအတိုင်း ဟင်းသီးဟင်းရွက်များ တင်ဆောင်မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်၏ ယာဘက်ခြမ်းနှင့် ရှေ့လေကာမှန်တို့ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး ဦးနိုင်မင်းထွန်း (ခ)ဝက်ကလေးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ခရီးသွားမော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်၍ အပြစ်မဲ့ပြည်သူတစ်ဦးအား သေဆုံးစေခဲ့သူ အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။