နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများအတွက် ကျောင်းဝင်ခွင့်လျှောက်ထားခြင်း
-
ကဏ္ဍများ
- ကဏ္ဍအားလုံး
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
http://mnp.gov.mm/web/guest/education-research/vacancy/-/asset_publisher/idasset338/content/er111112
တရားစီရင်ရေးဆိုင်ရာရုံးများ / Offline Service
http://mnp.gov.mm/web/guest/education-research/vacancy/-/asset_publisher/idasset338/content/er111112
တရားစီရင်ရေးဆိုင်ရာရုံးများ / Offline Service
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများအတွက် ကျောင်းဝင်ခွင့်လျှောက်ထားခြင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / March 11, 2021
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများတွင် တက်ရောက်ပညာသင်ယူလိုသူ ကျောင်းသား၊ကျောင်းသူများသည် အောက်ပါ အရည်အချင်းများ နှင့် ကိုက်ညီရန်လိုအပ်ပါသည်-
(က) နယ်စပ်ဒေသတွင် မှီတင်းနေထိုင်သည့် တိုင်းရင်းသား မျိုးနွယ်များ ဖြစ်ပြီး မိမိတိုင်းရင်းသားဘာသာကို တတ်ကျွမ်းသူဖြစ်ရမည်။
(ခ) အောက်ပါဦးစားပေး အစီအစဉ်အလိုက် သတ်မှတ်ချက်နှင့် ကိုက်ညီသူကိုသာ စိစစ် လက်ခံမည်-
(၁) မိဘမဲ့
(၂) အမိမဲ့
(၃) အဘမဲ့
(၄) ဆင်းရဲနွမ်းပါး
(ဂ) ကျောင်းသားများကို လက်ခံရာတွင် ဉာဏ်ရည်မြင့်မားသူ၊ ပညာ အခြေခံကောင်းမွန် သူများကို ဦးစားပေးရွေးချယ်စိစစ် လက်ခံမည်-
(ဃ) ကျန်းမာရေးကောင်းမွန်၍ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းသူများ ဖြစ်ရမည်။ (နာတာရှည်ရောဂါရှိသူ၊ ကူးစက်ရောဂါရှိသူ၊ ကိုယ်လက်အင်္ဂါချို့ယွင်းသူ၊ စိတ်ရောဂါရှိသူ၊ ဦးနှောက်မဖွံ့ဖြိုးသူ စသည့် ကျန်းမာရေး ချို့တဲ့သူများအား လက်ခံခြင်း မပြုပါ)
(င) နှစ်စဉ်ပညာသင်နှစ်အစတွင် အသက်(၁၂) နှစ် ထက်မကြီးသော ပဉ္စမတန်း ကျောင်းသားများကိုသာ လက်ခံမည်ဖြစ်ပြီး ကျောင်းအသစ်များတွင် အောက်ပါ အသက်အပိုင်းအခြား အလိုက် အတန်းအချိုးကျအလိုက်လက်ခံမည်-
- အလယ်တန်းအသက် (၁၂)နှစ်မှ (၁၆)နှစ်
(စ) ကျောင်းမှ ချမှတ်ထားသော စည်းကမ်းချက်များကို သိရှိ နားလည်ပြီး လိုက်နာ နိုင်သူ ဖြစ်ရမည်။
(ဆ) ပညာသင်နှစ် ကျောင်းဖွင့်ချိန်မှစ၍ စိစစ်လက်ခံ၍ ကျန်ကာလများတွင် လက်ခံခြင်း မပြုပါ။
ဝန်ဆောင်ခ
အခမဲ့
လိုအပ်သောစာရွက်စာတမ်းများ
ကျောင်းအပ်နှံရန် လျှောက်ထားလာသူများအား အောက်ပါအတိုင်း စိစစ်လက်ခံမည်-
(က) ကျောင်းဝင်ရန် လျှောက်လွှာများအား နှစ်စဉ်ပညာသင်နှစ်၏ ဧပြီလဆန်းမှ ဇွန်လကုန်အတွင်း လျှောက်ထားသူများကိုသာ စိစစ်လက်ခံပြီး ယင်းနောက်ပိုင်း လျှောက်ထား လာသူများအား လက်ခံခြင်းမပြုပါ၊
(ခ) ကျောင်းဝင်လျှောက်လွှာနှင့်အတူ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ကျောင်းသားများအား ဦးစားပေးအစီအစဉ်အတိုင်း ရွေးချယ်စိစစ်၍ ကိုက်ညီမှု ရှိသူများကိုသာ ထောက်ခံချက်ပေးရမည်၊
(ဂ) သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်၊ ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊ မြို့နယ်ဆရာဝန်၏ ကျန်းမာကြောင်းနှင့် ကူးစက်ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက်များနှင့်အတူ ကျောင်းဝင်ခွင့်လျှောက်လွှာ၊ ပတ်စပို့ဓာတ်ပုံ (၆)ပုံတို့ဖြင့် သက်ဆိုင်ရာကျောင်းအုပ် များမှတစ်ဆင့် ဦးစီးဌာန (ရုံးချုပ်)သို့ သတ်မှတ်ချက်ကာလ အတွင်းပေးပို့ လျှောက်ထားရမည်၊
(ဃ) ကျောင်းသားများစိစစ်လက်ခံခြင်းအား ပညာသင်နှစ်စ ဇွန်လ နောက်ဆုံးပတ်ထိ လည်းကောင်း၊ နှုတ်ထွက်ခြင်းအား၊ ပညာသင်နှစ်ကုန် မတ်လတွင်လည်းကောင်း ဆောင်ရွက်ရန် နှင့် ပညာသင်နှစ်၏ ကြားကာလအတွင်း လက်ခံခြင်း၊ နှုတ်ထွက်ခြင်း ကိစ္စရပ်များအား လုံးဝ (လုံးဝ) ပြုလုပ်ပေးမည် မဟုတ်ပါ။
ဒီဂရီကောလိပ်၊ တက္ကသိုလ်များတက်ရောက်စေခြင်း
တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့တွင် အောက်ဖော်ပြပါ ပညာရပ်များ ဆက်လက်တက်ရောက်စေမည် ဖြစ်ပါသည်-
(က) B.Ed ပညာရေးဘွဲ့
( ခ) သိပ္ပံဘွဲ့
(ဂ ) ဝိဇ္ဇာဘွဲ့
(ဃ) AGTI ဒီပလိုမာ
(င ) B.Tech (အင်ဂျင်နီယာဘွဲ့)
ထောက်ပံ့ခြင်း
(က) အလယ်တန်း ၁၅ဝဝိ/-
(ခ) အထက်တန်း ၂၀ဝဝိ/-
စားရိပ်သာသုံးပစ္စည်း။ အောက်ပါအတိုင်း ထောက်ပံ့ပေးလျက်ရှိ ပါသည်-
(က) စတီးထမင်းစားပန်းကန်(ပုံစံခွက်) ၁ ချပ်
( ခ ) စတီးဟင်းရည်သောက်ပန်းကန် ၁ လုံး
( ဂ ) စတီးဇွန်း/ခရင်း ၁ စုံ
ပရိဘောဂနှင့်အခြား။ အောက်ပါအတိုင်း ထောက်ပံ့ပေးလျက် ရှိပါ သည်-
(က) ကုတင် ၁ လုံး
( ခ ) စာကြည့်စားပွဲ ၁ လုံး
( ဂ ) ကုလားထိုင် ၁ လုံး
(ဃ) သံသေတ္တာ ၁ လုံး
( င ) ထီး ၁ လက်
( စ ) ဖိနပ် ၁ ရံ
ဆက်သွယ်ရမည့်လိပ်စာ
နေပြည်တော်
ရုံးအမှတ်(၄၂)၊ နယ်စပ်ရေးရာဝန်ကြီးဌာန
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းများဌာနခွဲ
ဆက်သွယ်ရန်ဖုန်း - 067-409364၊ 409224၊ 409235
ဝန်ဆောင်မှု ရရှိနိုင်မည့်တည်နေရာများ
ကချင်ပြည်နယ်
ကချင်ပြည်နယ်ရုံး (မြစ်ကြီးနား)၊ မြစ်ကြီးနားမြို့
ခရိုင်ရုံး(ဗန်းမော်)၊ ဗန်းမော်မြို့
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း
(ပူတာအို၊ မြစ်ကြီးနား-အမှတ်(၁)၊ မြစ်ကြီးနား-အမှတ်(၂)၊ ဗန်းမော်၊
ဟိုပင်)
ကယားပြည်နယ်
ကယားပြည်နယ်ရုံး (လွိုင်ကော်)၊ လွိုင်ကော်မြို့
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (လွိုင်ကော်၊ ဘောလခဲ)
ကရင်ပြည်နယ်
ကရင်ပြည်နယ်ရုံး (ဘားအံ)၊ ဘားအံမြို့
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘားအံ၊ ကြာအင်းဆိပ်ကြီး)
ချင်းပြည်နယ်
ချင်းပြည်နယ်ရုံး (ဟားခါး)၊ ဟားခါးမြို့
ခရိုင်ရုံး (မင်းတပ်)၊ မင်းတပ်မြို့
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇန်၊ မင်းတပ်-အမှတ်(၁)၊ မင်းတပ်-အမှတ်(၂)၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ)
စစ်ကိုင်းတိုင်းဒေသကြီး
စစ်ကိုင်းတိုင်းဒေသကြီးရုံး (မုံရွာ)၊ မုံရွာမြို့
ခရိုင်ရုံး (ခန္တီး)၊ ခန္တီးမြို့
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ကလေး၊ ခန္တီး၊ ပင်လည်ဘူး၊ လေရှီး၊ လဟယ်၊ နန်းယွန်း)
မကွေးတိုင်းဒေသကြီး
ခရိုင်ရုံး (ပခုက္ကူ)၊ ပခုက္ကူမြို့
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပခုက္ကူ)
မွန်ပြည်နယ်
ခရိုင်ရုံး (သထုံ)၊ သထုံမြို့
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (သထုံ၊ ရေး)
ရှမ်းပြည်နယ်
ရှမ်းပြည်နယ်ရုံး (တောင်ကြီး)၊ တောင်ကြီးမြို့
ခရိုင်ရုံး (လားရှိုး)၊ လားရှိုးမြို့
ခရိုင်ရုံး (ကျိုင်းတုံ)၊ ကျိုင်းတုံမြို့
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (လားရှိုး၊ နမ့်ဆန်၊ ကွမ်းလုံ၊ လောက်ကိုင်၊ တန့်ယန်း၊ ကျိုင်းတုံ၊ လွယ်မွေ၊ ပင်လုံ၊ ပင်လောင်း၊ ပင်းတယ)
ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်ရုံး (စစ်တွေ)၊ စစ်တွေမြို့
ခရိုင်ရုံး (မြောက်ဦး)၊ မြောက်ဦးမြို့
ခရိုင်ရုံး (ကျောက်ဖြူ)၊ ကျောက်ဖြူမြို့
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (စစ်တွေ၊ မင်းပြား၊ မောင်းတော)
ရန်ကုန်တိုင်းဒေသကြီး
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးပရဟိတ(ကျား)ကျောင်း၊
ကမာရွတ်ဘူတာရုံလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့
ဧရာဝတီတိုင်းဒေသကြီး
ဧရာဝတီတိုင်းဒေသကြီးရုံး (ပုသိမ်)၊ ပုသိမ်မြို့
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘိုကလေး၊ မအူပင်)
Website လိပ်စာ
မရှိပါ။