Credit Guarantee Insurance (CGI) စနစ်ဖြင့် ချေးငွေလျှောက် ထားနိုင်ရန်အတွက် အသေးစားနှင့်အလတ်စားလုပ်ငန်းများအား SME Recommendation Letter များ ထုတ်ပေးခြင်း

အသေးစား၊ အလတ်စား လုပ်ငန်းများ





Credit Guarantee Insurance (CGI) စနစ်ဖြင့် ချေးငွေလျှောက် ထားနိုင်ရန်အတွက် အသေးစားနှင့်အလတ်စားလုပ်ငန်းများအား SME Recommendation Letter များ ထုတ်ပေးခြင်း


/ April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက် များ

  • လုပ်ငန်းအမျိုးအစားအလိုက်သက်ဆိုင်ရာဌာနများတွင် မှတ်ပုံတင် ထားရှိပြီးဖြစ်ခြင်း၊
  • လုပ်ငန်းမှတ်ပုံတင်သက်တမ်း အနည်းဆုံး(၂)နှစ်ရှိ၍ အမှန်တကယ်လုပ်ငန်း လည်ပတ် လျက်ရှိခြင်း၊
  • SME Member ဝင်ရောက်ပြီးဖြစ်ခြင်း၊

ဝန်ဆောင်ခ

မရှိပါ

လိုအပ်သောစာရွက်စာတမ်းများ

  • SME Member Card မိတ္တူ
  • CGI စနစ်ဖြင့် ချေးငွေလျှောက်ထားလိုသည့် SME များ၏ လုပ်ငန်းဆိုင်ရာအချက်အလက်များပုံစံ
  • အိမ်ထောင်စုစာရင်းမိတ္တူ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ လိုင်စင်/ ခွင့်ပြုချက်/ မှတ်ပုံတင်လက်မှတ်မိတ္တူ

လျှောက်ထားရန်အဆင့်များ

အဆင့် ၁ 

SME Recommendation Letter လျှောက်ထားခြင်း။

လုပ်ငန်းရှင်မှ လျှောက်လွှာ၊ လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာတိုင်း ဒေသကြီး / ပြည်နယ် / ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် / ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနရုံးများတွင် လျှောက်ထားရပါမည်။

အဆင့် ၂

ကွင်းဆင်းကြည့်ရှုခြင်း

သက်ဆိုင်ရာစက်မှုကြီးကြပ်ရုံးများသည် လျှောက်လွှာတွင် ဖော်ပြထားချက်များနှင့်ညီညွတ်မှု ရှိ / မရှိကို သက်ဆိုင်ရာလုပ်ငန်းများသို့ ကွင်းဆင်းကြည့်ရှုပါမည်။

သက်ဆိုင်ရာစက်မှုကြီးကြပ်ရုံးများသည် ပြည်စုံမှန်ကန်မှုရှိသော လျှောက်လွှာများကို စုစည်းလျက် ရုံးချုပ်သို့တင်ပြဆောင်ရွက်၍ Recommendation Letter ရရှိပါက လုပ်ငန်းရှင်များသို့ဆက်သွယ် အကြောင်းကြားပေးပို့မည် ဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် နှင့်ခရိုင်စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာနရုံးများ

ဝန်ဆောင်မှုရရှိနိုင် မည့်တည်နေရာများ

တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် နှင့်ခရိုင် စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာနရုံးများ

Website လိပ်စာ

www.smedevelopmentagency.gov.mm





အထူးသတင်း