ကျောက်တော်မြို့နယ်၊ မြို့ပေါ်(၅)ရပ်ကွက်မှ မသန်မစွမ်းများအား ကွင်းဆင်း၍ ထောက်ပံ့ကြေး ပေးအပ်





ကျောက်တော်မြို့နယ်၊ မြို့ပေါ်(၅)ရပ်ကွက်မှ မသန်မစွမ်းများအား ကွင်းဆင်း၍ ထောက်ပံ့ကြေး ပေးအပ်


Rakhine State Government/ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ / December 21, 2018


ကျောက်တော် ဒီဇင်ဘာ ၂၀

ကျောက်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်၍ လူမှု၀န်ထမ်းမှ ၀န်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တော်မြို့ပေါ်(၅)ရပ်ကွက်မှ မသန်မစွမ်း(၄၇)ဦး အား ကွင်းဆင်း၍ ထောက်ပံ့ကြေးပေးအပ်ခြင်းဆောင်ရွက်ခဲ့ရာ ငွေကျပ်(၁၄၁၀၀၀ဝိ/)ပေးအပ်ခဲ့ပါ သည်။