တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး နှုတ်ဆက်ဧည့်ခံပွဲ ကျင်းပ





တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး နှုတ်ဆက်ဧည့်ခံပွဲ ကျင်းပ


Ministry of Information/ ​နေပြည်တော် / May 24, 2019
image_latest


ရန်ကုန် မေ ၂၄

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်၏ နှုတ်ဆက်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ည ၆ နာရီခွဲက ရန်ကုန်မြို့ Wyndham Grand Royal Lake Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

နှုတ်ဆက်ပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က နှုတ်ခွန်းဆက်စကား များ ပြောကြားကြသည်။

ယင်းနောက် သံအမတ်ကြီးနှင့် ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များက အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။

ထို့နောက် သံအမတ်ကြီးနှင့် ဇနီးတို့သည် တက်ရောက် လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ညစာစားပွဲဖြင့် တည့်ခင်းဧည့်ခံသည်။

(သတင်းစဉ်)