UNDP အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားအမြင်အား လာရောက်ဆွေးနွေး


Bago Region Government/ ပဲခူးမြို့ / March 21, 2019


​​မတ်လ(၂၁)ရက်၊ ပဲခူးမြို့

​​​​​​​================

မတ်လ (၂၁)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ UNDP အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားအမြင်အားလာရောက်ဆွေးနွေးခဲ့သည်။
ရှေးဦးစွာ UNDP ကိုယ်စားလှယ် Mr. Simon Hale က မြို့နယ်(၅)မြို့နယ်တွင် UNDP မှ ဒေသလိုအပ်ချက်များအပေါ် ဦးစားပေးအစီအစဉ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုနှင့် ပတ်သက်၍ အစိုးရအဖွဲ့၏ သဘောထားအမြင်၊ ပဲခူးတိုင်းဒေသကြီးအတွင်း တည်ရှိသော မြို့နယ်စုစုပေါင်းနှင့် အနာဂတ်မျှော်မှန်းချက်တို့အား သိရှိလိုပါကြောင်း မေးမြန်းဆွေးနွေး တင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက UNDP ၏ မြို့နယ်အဆင့် ဒေသလိုအပ်ချက်များအပေါ် ဦးစားပေးအစီအစဉ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုကို အသိအမှတ်ပြုကြောင်း၊ UNDP ၏ ဒေသဖွံ့ဖြိုးရေးအစီအစဉ်သည် ပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင်၍ မိမိတို့ဒေသလိုအပ်ချက်များကို
ဆောင်ရွက်ရခြင်းသည် ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ် အောင်မြင်ရန်တွန်းအားတစ်ခုဖြစ်စေကြောင်း၊ ပြည်သူများသည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ NGO များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုသိရှိနားလည်နိုင်ကြောင်း၊ နှစ်ပေါင်းများစွာ ပြည်သူများအနေဖြင့် ဗျူရိုကရေစီယန္တရားဟုခေါ်သော ဝန်ထမ်းဆိုင်ရာ အဖွဲ့အစည်းများအား ယုံကြည်မှုအားနည်းခဲ့ကြောင်း၊ မိမိတို့အစိုးရအဖွဲ့သည် ဒီမိုကရေစီယန္တရားဟုခေါ်သော အရွေးကောက်ခံအစိုးရနှင့် ဗျိုရိုကရေစီယန္တရားဟုခေါ်သော ဝန်ထမ်းဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းသည် အစပိုင်းတွင် အခက်အခဲများရှိခဲ့သော်လည်း ယခုအခါ ဝန်ထမ်းများအနေဖြင့်လည်း ဒီမိုကရေစီ အခြေခံသဘောတရားများ သိရှိနားလည်နေပြီးဖြစ်၍ အဆင်ပြေအာင်မြင်မှုများ ရရှိလာနေပြီကြောင်း၊ နှစ်ပေါင်း(၇၀)ကျော်ခန့် ဝန်ထမ်းအဖွဲ့အစည်းသည် အမိန့်တစ်ခုအပေါ် ဆောင်ရွက်ခဲ့၍ လုပ်ထုံးလုပ်နည်း ဥပဒေများ အားနည်းခဲ့ကြောင်းပြီး အဂတိလိုက်စားမှုများ ရှိခဲ့ကြောင်း၊ မိမိတို့ဒီမိုကရေစီအဖွဲ့အစည်းသည် အဂတိလိုက်စားမှုကို အဓိထား တိုက်ဖျက်လျက်ရှိပြီး လိုအပ်သလို အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့တိုင်းပြည်သည် ဖွံ့ဖြိုးမှုနောက်ကျခဲ့ခြင်းသည် အခြေခံအားဖြင့် အသိပညာ၊ အတတ်ပညာ အားနည်းချက်များကြောင့်ဖြစ်ကြောင်း၊ ဒါကြောင့် မိမိအစိုးရ စတတ်ကတည်းက ပညာရေးစနစ် ပြုပြင်ပြောင်းလဲခြင်း၊ ဒါကြောင့် မိမိအစိုးရ စတတ်ကတည်းက စဉ်းစားတွေးခေါ်မှုကို အခြေခံသည့် ပညာရေးစနစ်တစ်ခု ဖြစ်လာစေရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိပြီး ကျန်သည့် မြို့နယ် (၂၃)မြို့နယ်တွင်လည်း မြို့နယ်အဆင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ မြို့နယ်အဆင့် စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို နောက်ထပ်(၃)နှစ်အထိ ထပ်မံဆောင်ရွက်ပေးစေလိုကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံသူများသည် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် သွားရောက်ရှင်းနှီးမြှုပ်နှံကြသဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ခေတ်အဆက်ဆက် ရင်းနှီးမြှုပ်နှံမှု နောက်ကျခဲ့ရပြီး တိုင်းပြည်အတွက် အခွန်အခများ လျော့နည်းခဲ့ရကြောင်း၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများသည် ရင်းနှီးမြှုပ်နှံမှုများပြားခြင်း၊ အခွန်အခရငွေများ ပိုမိုရရှိခြင်းတို့ကြောင့် Budget များ ပိုပိုသုံးစွဲနိုင်ပြီး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ အနာဂတ်မျှော်မှန်းချက်နှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်များအတိုင်း မြို့ပြ/ကျေးလက်ဒေသများတွင် ဒီမိုကရေစီသဘောတရားများ သိရှိနိုင်စေရန် အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များမှ အခါအားလျော်စွာ လူထုတွေ့ဆုံပွဲများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူ၊ အစိုးရ၊ လွှတ်တော် ပူးပေါင်း၍ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေတို့မှ UNDP ကိုယ်စားလှယ် Mr. Simon Hale နှင့် Ms. Anki Dellnas တို့အား လက်ဆောင်ပန်းချီကား ပေးအပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ UNDP မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

​​​​​​​http://bagoregion.gov.mm/?p=14999