Ministry of Legal Affairs
- Ministry of Defense
- Ministry of Home Affairs
- Test New Ministry
- Ministry of Foreign Affairs
- Ministry of Union Government Office (1)
- Ministry of Union Government Office (2)
- Ministry of Border Affairs
- Ministry of Planning and Finance
- Ministry of Investment and Foreign Economic Relations
- Ministry of International Cooperation
- Ministry of Legal Affairs
- Ministry of Information
- Ministry of Religious Affairs & Culture
- Ministry of Agriculture, Livestock and Irrigation
- Ministry of Transport and Communications
- Ministry of Natural Resources & Environmental Conservation
- Ministry of Electric Power
- Ministry of Energy
- Ministry of Industry
- Ministry of Immigration & Population
- Ministry of Labour
- Ministry of Commerce
- Ministry of Education
- Ministry of Science and Technology
- Ministry of Sports and Youth Affairs
- Ministry of Construction
- Ministry of Social Welfare, Relief & Resettlement
- Ministry of Hotel & Tourism
- Ministry of Ethnic Affairs
ဥပဒေရေးရာဝန်ကြီးဌာန
၁၈၂၆ခုနှစ် အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ ပြီးချိန်မှစ၍ ဗြိတိသျှတို့သည် ယင်းတို့၏ အင်္ဂလိပ်ရိုးရာဥပဒေစနစ်ကို ပြုပြင်၍ မြန်မာနိုင်ငံတွင် စတင်ကျင့်သုံးခဲ့ပြီး ပြစ်မှုဆိုင်ရာ မှုခင်းများနှင့်တရားမမှုများတွင် နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်ရန် အစိုးရရှေ့နေချုပ် တစ်ဦး၊ အစိုးရတရားလွှတ်တော်ရှေ့နေများနှင့် အစိုးရရှေ့နေများကို ခန့်ထားခဲ့ပါသည်။
၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်အခါ ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ၁၉၄၈ ခုနှစ် နိုင်ငံတော်ရှေ့နေချုပ်အက်ဥပဒေတို့အရ ရှေ့နေချုပ်ရုံးကို တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရက နိုင်ငံတော်တာဝန်များကိုဆက်ခံဆောင်ရွက်သည့်အခါတွင်လည်း ရှေ့နေချုပ်ရုံးသည် ဆက်လက် တည်ရှိ ခဲ့ပါသည်။ ထိုအချိန်အထိ ရှေ့နေချုပ်၏ လုပ်ငန်းတာဝန်များမှာ ပြစ်မှုဆိုင်ရာမှုခင်းများနှင့် တရားမမှုများတွင် နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်ခြင်းနှင့် အစိုးရကို ဥပဒေအကြံ ပေးခြင်းတို့ဖြစ်ပါသည်။
၁၉၇၂ ခုနှစ်တွင် အုပ်ချုပ်ရေးယန္တရားကိုဖျက်သိမ်း၍ ရှေ့နေချုပ်ရုံးကို အသစ်ပြန်လည် ဖွဲ့စည်းပြီး အမှုလိုက်ခြင်း၊ ဥပဒေအကြံပေးခြင်း၊ ဥပဒေကြမ်းရေးဆွဲခြင်းနှင့် ဥပဒေ ဘာသာပြန်ခြင်းများဆောင်ရွက်ရန်တာဝန်အပ်နှင်းခဲ့ပါသည်။ ယင်းနောက် ၁၉၇၄ ခုနှစ် တွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ကျင့်သုံးခဲ့ပြီး ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၄ ခုနှစ် ပြည်သူ့ ဥပဒေအကျိုးဆောင်အဖွဲ့ဥပဒေအရ ဗဟိုဥပဒေရုံး၊ ပြည်နယ်နှင့် တိုင်းဥပဒေရုံးများ၊ မြို့နယ် ဥပဒေရုံးများကိုဖွဲ့စည်းခဲ့ပါသည်။
၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က နိုင်ငံတော် တာဝန်များရယူသည့်အခါ ၁၉၈၈ ခုနှစ် ရှေ့နေချုပ်ဥပဒေကို ပြဌာန်းပြီး ရှေ့နေချုပ်ရုံး၊ ပြည်နယ်နှင့် တိုင်းဥပဒေရုံးများ၊ မြို့နယ်စု(ခရိုင်) ဥပဒေရုံးများနှင့် မြို့နယ်ဥပဒေရုံးများကို ဖွဲ့စည်းခဲ့ပါသည်။ ထို့ပြင် ရှေ့နေချုပ်ရုံးခွဲ(မန္တလေး)၊ ပြည်နယ်ဥပဒေရုံးခွဲ ၂ ရုံး နှင့် တိုင်းဥပဒေ ရုံးခွဲ ၁ ရုံး တို့ကိုဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
၂၀၀၁ ခုနှစ် ရှေ့နေချုပ်ဥပဒေသည် အချိန်အခါနှင့် လိုက်လျောညီထွေဖြစ်စေရန် သမိုင်း တွေ့အကြုံနှင့် လက်တွေ့များအပေါ် အခြေခံထားသည့်ဥပဒေဖြစ်ပါသည်။ ယင်းဥပဒေကို ၂၀၀၃ ခုနှစ်တွင် တစ်ကြိမ်ပြင်ဆင်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ် ရှေ့နေချုပ်ဥပဒေအရ ရှေ့နေချုပ် တစ်ဦးနှင့် ဒုတိယရှေ့နေချုပ် သုံး ဦးခန့်ထား၍ လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
၂၀၀၈ ခုနှစ်၊ မေလ၊ ၂၉ ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကို အတည်ပြု ပြဌာန်းခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့်အညီ ၂၀၁၀ ပြည့် နှစ်၊ အောက်တိုဘာလ၊ ၂၈ ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။
ယင်းဥပဒေအရ ပြည်ထောင်စုရှေ့နေချုပ်တစ်ဦး နှင့် ဒုတိယရှေ့နေချုပ်တစ်ဦးတို့အား နိုင်ငံတော်သမ္မတက ခန့်အပ်ခဲ့ပါသည်။ ပြည်ထောင်စုရှေ့နေချုပ်သည် ပြည်ထောင်စုအစိုးရ အဖွဲ့၏ အဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံတော်သမ္မတအား တာဝန်ခံရပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၂၀၀၈ ခုနှစ်နှင့် အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီး ၁-၂-၂၀၂၁ ရက်နေ့မှ စတင်၍ နိုင်ငံတော်တာဝန်များကို ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် ကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၃၀-၈-၂၀၂၁ ရက်စွဲ ပါ အမိန့်အမှတ် ၁၇၆/၂၀၂၁ ဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အမိန့် အမှတ် ၁၇၇/၂၀၂၁ ဖြင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးအား ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်အဖြစ်လည်းကောင်း၊ အမိန့်အမှတ် ၁၇၈/၂၀၂၁ ဖြင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင် အား ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်အဖြစ် လည်းကောင်း ခန့်အပ် တာဝန်ပေးအပ် ခဲ့ပါသည်။ ပြည်ထောင်စုရှေ့နေချုပ် လုပ်ငန်းတာဝန်များကို ပြည်ထောင်စုရှေ့နေချုပ်ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေရေးရာ ဝန်ကြီးဌာနသည် ဝန်ကြီးဌာန၏ လုပ်ငန်းများသီးခြားဆောင်ရွက်ရန် ရည်ရွယ်လျက် လတ်တလောတွင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဌာနခွဲ၊ e-Government ဌာနခွဲ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ၊ စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးဌာနခွဲ၊ ပြည်တွင်းပြည်ပဆက်ဆံရေးဌာနခွဲ၊ ဥပဒေသုတေသနဌာနခွဲ၊ အများ ပြည်သူတင်ပြစာများ စိစစ်ဆောင်ရွက်ခြင်းဌာနခွဲများအား ဖွဲ့စည်းဆောင်ရွက်ရန် ပြင်ဆင် လျက်ရှိပါသည်။
ဥပဒေရေးရာဝန်ကြီးဌာနတွင်ဥပဒေများစိစစ်အကြံပြုရေးဦးစီးဌာန၊ ဥပဒေအကြံဉာဏ် ပေးရေးဦးစီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနနှင့် စီမံရေးရာဦးစီးဌာနဟု ဦးစီးဌာန(၄)ခု ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဥပဒေအရာရှိများအား ကျင့်ဝတ်နှင့်အညီ တာဝန် ကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေရန် ဥပဒေအရာရှိကျင့်ဝတ်ကို ပြုစုထုတ်ဝေခြင်း၊ မျှတသော တရားစီရင်ရေးဆိုင်ရာစံနှုန်းများ သတ်မှတ်ထုတ်ဝေခြင်း၊ ပြည်သူ့အတွက် တရားမျှတမှု မဟာဗျူဟာစီမံကိန်း ၂၀၁၉-၂၀၂၃ ကိုရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
ပြည်ထောင်စုရှေ့နေချုပ်ဥပဒေအရ ပြည်ထောင်စုရှေ့နေချုပ်အား ဥပဒေဘာသာ ပြန်ဆိုခြင်းလုပ်ပိုင်ခွင့်ကို အပ်နှင်းခဲ့ပါသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် ဒေသဆိုင်ရာသဘောတူညီချက်များစသည်တို့တွင်ပါ၀င်ရန် သင့်၊ မသင့် ကိုလည်းကောင်း၊ နှစ်နိုင်ငံ သို့မဟုတ် နိုင်ငံအများပါ၀င်သည့်စာချုပ်များ၊ နားလည်မှုစာချွန်လွှာများ၊ နားလည်မှု သဘောတူညီချက်များ၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံမှုဆိုင်ရာစာချုပ်စာတမ်းများ၊ အခြား စာချုပ်စာတမ်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအား ဥပဒေ ရာဇဝတ်ဆိုင်ရာမှုခင်းများတွင် နိုင်ငံတော်ဘက်က လိုက်ပါဆောင်ရွက်ရပြီး နိုင်ငံတော်က တရားလို သို့မဟုတ် တရားပြိုင်အဖြစ်ပါဝင်သော တရားမမှုများတွင်လည်း နိုင်ငံတော်ဘက်က လိုက်ပါဆောင်ရွက်ရပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၈(က) အရ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော်အမိန့် ထုတ်ဆင့်ပေးရန် လျောက်ထားမှုများတွင် နိုင်ငံတော်ဘက်က လိုက်ပါဆောင်ရွက်ရပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၆ အရ နိုင်ငံတော်သမ္မတသည် ဥပဒေအကြံဉာဏ်များ ရယူနိုင်ရန်နှင့် ဥပဒေဆိုင်ရာ တာဝန်များ ပေးအပ်နိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ လွှတ်တော်၏ သဘောတူညီချက်ဖြင့် အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးပါသည်။
ထို့ပြင် ဥပဒေရေးရာဝန်ကြီးဌာနသည် အဆင့်ဆင့်သော ဥပဒေရုံးများမှ ဥပဒေ အရာရှိများ ဥပဒေပညာရပ်များ လေ့လာခြင်းနှင့် သုတေသနပြုလုပ်ခြင်းများ ဆောင်ရွက်နိုင် စေရန် နှစ်အလိုက် ဥပဒေစာအုပ်များကို မြန်မာဘာသာဖြင့်လည်းကောင်း၊ အင်္ဂလိပ်ဘာသာ ဖြင့်လည်းကောင်း ပြုစုထုတ်ဝေခြင်း၊ ဥပဒေပညာဂျာနယ်၊ အင်္ဂလိပ်-မြန်မာ ဥပဒေဝေါဟာရ အဘိဓာန်နှင့် အခြားဥပဒေဆိုင်ရာ သုတေသနလုပ်ငန်းများပြုစုခြင်း၊ သတင်းအချက်အလက် နည်းပညာကျင့်သုံး ၍ e-Government စနစ်ဖြင့် လုပ်ငန်းများ ပိုမိုလွယ်ကူ လျင်မြန်စေရန် ဆောင်ရွက်ခြင်း၊ အချိန်နှင့်အညီ ပြင်ဆင်ထားသော မြန်မာနိုင်ငံ၏ ဥပဒေများ၊ နည်းဥပဒေ များ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို တစ်နေရာတည်းတွင် တစ်စု တစ်စည်းတည်း အလွယ်တကူလေ့လာနိုင်စေရန် မြန်မာဥပဒေသတင်းအချက်အလက်စနစ် (Myanmar Law Information System-MLIS) ကို တည်ထောင်လွှင့်တင်၍ ဝန်ဆောင်မှု ပေးခြင်း လုပ်ငန်းများကို ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်( Functions) အဖြစ် ဆောင်ရွက်ရန် လျာထားပါသည်။
ဥပဒေရေးရာဝန်ကြီးဌာန၏ ဆောင်ပုဒ်မှာ "ဥပဒေပညာသည် အကျင့်သိက္ခာနှင့် ပြည့်စုံသောပညာဖြစ်သည် ( The Legal Profession is A Noble Profession)” ဖြစ်ပြီး ဥပဒေ ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
- ဥပဒေဆိုင်ရာ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်မှုပေးရန်၊
- ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုကောင်းမွန် လာစေရန်၊
- တရားစီရင်ရေးစနစ်ကို အများပြည်သူ ယုံကြည်ကိုးစားမှု မြှင့်တင်ရေးအတွက် ပါဝင်ဆောင်ရွက်ရန်၊
- တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ဆောင်ရွက်ရန်။
Website လိပ်စာ