The performances of Ayeyarwady Region Chief Minister U Hla Moe Aung on september 11,2018


Ayeyarwaddy Region Government/ Pathein / September 14, 2018


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၁.၉.၂၀၁၈)ရက်နေ့၊ နံနက် (၁၁၀၀)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းများ အလွန်ပေါများပြီး ကွန်ယက်သဖွယ်ဖြစ်နေတဲ့ မြစ်ချောင်းတွေအတွက် လိုအပ်သော လမ်းတံတားများ တည်ဆောက်၍ တစ်ဒေသမှ တစ်ဒေသ ကုန်စည်များ ကူးသန်းရောင်းဝယ်နိုင်ရန်နှင့် တိုင်းအတွင်းရှိ ခရိုင်/မြို့နယ်အဆင့်ရှိ ပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် လေးမျက်နှာမြို့ - ခတ္တာ - ပန်းတောကြီးလမ်းရှိ ငဝန်မြစ်ကို ဖြတ်သန်း၍ ငဝန်တံတား (လေးမျက်နှာ)တည်ဆောက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုပြီး တံတားကြီးပြီးစီးပါက ပြည်သူများအနေဖြင့် ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိမ်းသိမ်းရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။