ရခိုင်ပြည်နယ်အတွင်း ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် MCCT ထောက်ပံ့ကြေးပေးခြင်း


Rakhine State Government/ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ / December 14, 2018


၁၃-၁၂-၂၀၁၈

သံတွဲမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၃)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၅၉)အုပ်စုမှကိုယ်၀န်ဆောင် မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော (၂)နှစ်အောက်ကလေးများအား MCCT ထောက်ပံ့ကြေး ပေးအပ်ခြင်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ကိုယ်၀န်ဆောင်မိခင်(၁၁၈၈)ဦး၊ (၂)နှစ် အောက်ကလေး(၂၃၆၂)ဦး၊ စုစုပေါင်း(၃၅၅၀)ဦးထောက်ပံ့ပေးအပ်နိုင်ခဲ့ပါသည်။