ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ


Tanintharyi Region Government/ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ် / September 16, 2019


ထားဝယ် စက်တင်ဘာ ၁၆

ယနေ့ နံနက် ၉ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆုရကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ပါ သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကား ပြောကြားရာ၌ ယနေ့ ကမ္ဘာကြီးသည် အိုဇုန်းလွှာပျက်စီးမှုအပါအဝင် ရာသီဥတုပြောင်းလဲမှု၊ လေထု ညစ်ညမ်းမှု၊ရေထုညစ်ညမ်းမှု၊ မြေဆီလွှာညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှုနှင့် ဇီဝမျိုးစုံတူမျိုးကွဲ များ မျိုးသုဉ်းပျောက်ကွယ်မှု စသည့်ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ရလျက်ရှိပါကြောင်း၊ အိုဇုန်းလွှာပျက်စီးမှုသည်ဖြေရှင်းရမည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတစ်ရပ်ဖြစ်သည်ကို တွေ့ရှိရ ပါကြောင်း၊ အိုဇုန်းလွှာသည် လူသားများအပါအဝင် သက်ရှိများအားလုံး ဆက်လက်ရှင်သန်ရပ်တည် ရေးအတွက် မရှိမဖြစ်အရေးပါသည်ကို သတိပြုမိပြီး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ တွင် ပြည်သူများဝိုင်းဝန်းပါဝင်ပူးပေါင်းဆောင်ရွက်လာစေရန်အတွက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အိုဇုန်းလွှာသည် သဘာဝအလျောက် ဖြစ် ပေါ်နေပြီး အောက်ဆီဂျင်အက်တမ် သုံးခုဖြင့် ဖွဲ့စည်းထား၍ ကမ္ဘာ့လေထုအတွင်း လွင့်မျော လျက်ရှိပါကြောင်း၊ ၎င်းဓာတ်ငွေ့သည် အပြာရောင်ဖျော့ဖျော့၊ အနံ့ပြင်းပြင်း၊ အလွန်အဆိပ်ပြင်းပြီး မြေပြင်မှာ တည်ရှိပါက အန္တရာယ် ဖြစ်စေနိုင်သည့် ဓာတ်ငွေ့တစ်မျိုးဖြစ်ပါကြောင်း၊ အိုဇုန်းလွှာသည် အိုဇုန်းဓာတ်ငွေ့များ စုစည်းထားသော ပါးလွှာသည့်အငွေ့တန်းဖြစ်၍ ကမ္ဘာ့မြေပြင်အထက် ယေဘုယျအားဖြင့် ၆ မိုင်မှ ၃၁ မိုင် အတွင်း တည်ရှိပြီး ကမ္ဘာ့လေထု၏ ဒုတိယအလွှာဖြစ်သည့် Stratosphere တွင် ဖွဲ့စည်းဖြစ် ပေါ်လျက်ရှိပါကြောင်း၊ ယေဘုယျအားဖြင့် အိုဇုန်းလွှာကို အမျိုးအစား(၂)မျိုးသတ်မှတ်ထားရှိပြီး Stratosphere အလွှာတွင်တည်ရှိသည့် အိုဇုန်းလွှာသည် သက်ရှိများအား အန္တရာယ်ဖြစ်စေနိုင်သော ခရမ်းလွန်ရောင်ခြည်များကို ကမ္ဘာ့မြေပြင်ပေါ်သို့ မကျ ရောက်စေရန် ၉၅ % မှ ၉၉ % အထိ ကာကွယ်ပေးသည့် သဘာဝအကာအကွယ်တစ်ခုဖြစ်သည့် အတွက် Good Ozone Layer အဖြစ် သတ်မှတ်နိုင်ပါကြောင်း၊ အိုဇုန်းလွှာအား အဓိက ထိခိုက် ပျက်စီးမှုမှာ လူသားများနေ့စဉ် အသုံးပြုလျက်ရှိသည့် ကလိုရင်းနှင့်ဘရိုမင်းပါဝင်သော ဓာတု ပစ္စည်းများ သုံးစွဲမှုကြောင့်ဖြစ်ပါကြောင်း၊ ဓာတုပစ္စည်းများသုံးစွဲမှုကြောင့် အိုဇုန်းလွှာ ပါးလွှာခြင်း၊ ထိခိုက်ခြင်းနှင့် အိုဇုန်းလွှာပေါက်သွားပါက စိုက်ပျိုးရေးလုပ်ငန်းများထိခိုက်ခြင်း၊ ကျန်းမာရေး ပြဿနာများဖြစ်ပေါ်လာခြင်း၊ ဂေဟစနစ်ပျက်စီးခြင်းနှင့် ရာသီဥတုဖောက်ပြန်ခြင်းများ ဖြစ်ပေါ်လာ နိုင်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ပူးပြင်းသည့်ရာသီများတွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်မားလေ့ရှိသဖြင့် အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်ရမှာဖြစ်သလို ခရမ်းလွန်ရောင်ခြည်နှင့်ပတ်သက်၍ သတိပေးချက်များကိုလည်း လိုက်နာ ရန်လိုအပ်ပါကြောင်း၊ အိုဇုန်းလွှာကာကွယ်ရေးအတွက် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၇)နိုင်ငံက လက်မှတ်ရေးထိုး၍ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံသည် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ထုတ်လုပ်မှုနှင့်တင်ပို့မှုမရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး သုံးစွဲမှုနည်းပါးသော နိုင်ငံလည်းဖြစ်ပါကြောင်း၊ ထို့ပြင် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်း အမိန့်ကိုထုတ်ပြန်၍ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ် အတည်ပြုခဲ့သည့် ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၁၉၉၄ ခုနှစ်တွင် ကျင်းပပြုလုပ် သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် စက်တင်ဘာ ၁၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်မှ စတင်၍ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ လှုပ်ရှားမှုအခမ်းအနားကို နှစ်စဉ်ကျင်းပဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အတွက် ဆောင်ပုဒ်မှာ “၃၂ နှစ်ကြာ အောင်မြင်မှု အိုဇုန်းလွှာကသက်သေပြု ” ဖြစ်ပြီး အိုဇုန်းလွှာ၏အခြေအနေကို ၃၂နှစ် အတွင်း ပြန်လည်ကောင်းမွန်ရန် ဆောင်ရွက်နိုင်ခဲ့သည့် မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်၏ လုပ်ငန်းစဉ် များကို ဂုဏ်ပြုရင်း အိုဇုန်းလွှာကို ကာကွယ်ရုံသာမက ရာသီဥတုပြောင်းလဲမှုကိုလည်း ထိန်းချုပ် နိုင်ရန်အတွက် ကမ္ဘာကြီးပူနွေးမှုအား လျှော့ချမည့် စာချုပ်စာတမ်းတစ်ရပ်ဖြစ်သည့် ၂၁၀၀ခုနှစ်တွင် ကမ္ဘာ့ပူနွေးမှု ၀.၅ ဒီဂရီစင်တီဂရိတ်မှ လျှော့ချတားဆီးစေသည့် ကီဂါလီပြင်ဆင်ချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်လိုသော ရည်ရွယ်ချက်ဖြင့် တိုက်တွန်းနှိုးဆော်ထားခြင်း ဖြစ်ပါကြောင်း၊ အိုဇုန်းလွှာ ထိခိုက်ပျက်စီးမှုအား ထိန်းသိမ်းကာကွယ်ရန်အတွက် မော်တော်ယာဉ်များ အသုံးပြုမည့် အစား စက်ဘီးစီးခြင်းနှင့်လမ်းလျှောက်ခြင်း၊ ကျောက်မီးသွေး လောင်စာအသုံးပြု၍ စွမ်းအင် ထုတ်ယူသုံးစွဲမည့်အစား နေ၊ လေ၊ ရေနှင့်မြေကြီးမှ စွမ်းအင်ထုတ်ယူသုံးစွဲခြင်း၊ ဒြပ်ပစ္စည်းများ ထုတ်ယူသုံးစွဲမှုလျှော့ချခြင်းနှင့် ရပ်ဆိုင်းခြင်း၊ သစ်ပင်များစိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်း၊ စိုက်ခင်းများ တိုးချဲ့ခြင်း၊ အသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊ သင်တန်းများဖွင့်လှစ်ပို့ချခြင်းနှင့် အသိပညာ ဗဟုသုတများအား အချင်းချင်းအပြန်အလှန်ဖြန့်ဝေပေးခြင်းများ ပြုလုပ်သွားရန် လိုအပ်ပါကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းဦး က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့လာသော ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော် များက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုအားပေးခဲ့ ပြီးနောက် တာဝန်ရှိသူများက ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များကို ဆုများချီးမြှင့်ပေးအပ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။