တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် ဘုတ်ပြင်းမြို့နယ်ရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် ဘုတ်ပြင်းမြို့နယ်ရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ
Tanintharyi Region Government/ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် / June 04, 2019
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲရွှေရည်ခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ မြို့မိမြို့ဖများနှင့် တွေဆုံခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် က ဘုတ်ပြင်းဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများနှင့် လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ချက်ခြင်းဆောင်ရွက်ပေးနိုင်မည့် ကိစ္စ များအား သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် ပူးပေါင်းဖြေရှင်းပေးသွားပြီး ပြည်ထောင်စုအဆင့်သို့ တင်ပြရမည့် ကိစ္စရပ်များအား ဆက်လက်တင်ပြ ဆောင်ရွက်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးစားပေးမူဝါဒဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စသည့်လုပ်ငန်း များအား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ သယံဇာတအခွန်အခများဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း များအား ဆောင်ရွက်နေကြရသဖြင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အလေ အလွင့်မရှိစေရေး ဥပဒေနှင့်အညီ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့ပြနှင့် ကျေးလက်ဒေသများ၌ အခြေခံအဆောက်အဦများ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့် မိမိတို့ဒေသခံလိုအပ်ချက်များကို ပွင့်လင်းရင်းနှီးစွာ တင်ပြကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ လူမှုရေးနှင့်စည်ပင်သာယာရေးဝန် ကြီးဦးဟိုပင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို တို့က ဝန်ကြီးဌာနအလိုက် လုပ်ငန်း အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် ဘုတ်ပြင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် နှင့် ဒေသခံပြည်သူများတို့၏ တင်ပြချက်များဖြစ်သည့် မြို့သန့်ရှင်းသာယာလှပရေး၊ မြို့သောက်သုံးရေရရှိရေး၊ လျှပ်စစ်ဓာတ်အားခ သက်သာစွာ သုံးစွဲနိုင်ရေး၊ကျေးလက်လမ်းများ အဆင့်မြှင့်တင်ပေးရေး၊ စာသင် ကျောင်းအဆောက်အဦတိုးချဲ့ တည်ဆောက်ပေးနိုင်ရေး၊ ဒေသခံတိုင်းရင်းသားများနိုင်ငံသားကတ် နှင့်အိမ်ထောင်စုများ ပြုလုပ်ပေးနိုင်ရေး၊ သိမ်းဆည်းမြေယာများပြန်လည်ရရှိနိုင်ရေးနှင့် မြေယာ ပိုင်ဆိုင်မှုအထောက်အထားများ ပြုလုပ်ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးရွာစိမ့်စမ်းရေသွယ်တန်းပေး နိုင်ရေး၊ ဒေသထွက်ကုန် သဘာဝငှက်သိုက်မွေးမြူရေးလုပ်ငန်းလိုင်စင်များအမြန်ချထား ဆောင်ရွက် ပေးနိုင်ရေး၊ တစ်ချို့ကျေးလက်ဒေသတွင် တောဆင်ရိုင်းများ အန္တရာယ်ရင်ဆိုင်နေရမှု ကူညီ ဖြေရှင်းပေးနိုင်ရေး စသည့်တင်ပြချက်များအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် တိုင်းဒေသကြီးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း ဆွေးနွေး ပြောကြားကာ ဝန်ကြီးချုပ်မှ နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို နေ့လယ် ၁ နာရီခွဲ တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းရေးသားပေးပို့သူ - ကျော်စိုး(ကော့သောင်း)
- Ministry of Defense
- Ministry of Home Affairs
- Ministry of Foreign Affairs
- Ministry of Union Government Office (1)
- Ministry of Union Government Office (2)
- Ministry of Border Affairs
- Ministry of Planning and Finance
- Ministry of Investment and Foreign Economic Relations
- Ministry of International Cooperation
- Ministry of Legal Affairs
- Ministry of Information
- Ministry of Religious Affairs & Culture
- Ministry of Agriculture, Livestock and Irrigation
- Ministry of Transport and Communications
- Ministry of Natural Resources & Environmental Conservation
- Ministry of Electric Power
- Ministry of Energy
- Ministry of Industry
- Ministry of Immigration & Population
- Ministry of Labour
- Ministry of Commerce
- Ministry of Education
- Ministry of Science and Technology
- Ministry of Sports and Youth Affairs
- Ministry of Construction
- Ministry of Social Welfare, Relief & Resettlement
- Ministry of Hotel & Tourism
- Ministry of Ethnic Affairs
- Ministry Testing -TRT
- Ministry of NN
- Ministry of TT
- Ministry of HH
- Ministry of PP
- CHAW EI MYAT THU (Ministry)
- AyeMyatThu (Testing)
- Ministry of ITCS
- Test Ministry by SL 2
- Ministry of Saint (104)
- Ministry of GPMS
- Ministry of Haymann Soe
- CZ ဝန်ကြီးဌာန