ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်း(၂) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် တံတားကြီးကျေးရွာ စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်


Bago Region Government/ ရေတာရှည်မြို့ / April 08, 2019


 

​​​​​

ဧပြီလ(၇)ရက်၊ ရေတာရှည်မြို့

======================

ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်း(၂) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် တံတားကြီးကျေးရွာ စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားအား ဧပြီလ (၇)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ယင်းစာသင်ကျောင်းများသည် ရေတာရှည်မြို့နယ်၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်မှုဖြစ်စဉ်ကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်းအစီစအဉ်ဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာသစ်သို့ ပြောင်းရွေ့မည့် နေအိမ်(၂၃၆)လုံးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသော ပြောင်းရွှေ့စရိတ် (၂၃၆)သိန်းအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

​​​​​​​http://bagoregion.gov.mm/?p=15269