အဂတိတိုက်ဖျက်ရေး၊ တားဆီးကာကွယ်ရေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ


Ministry of Planning and Finance/ နေပြည်တော် / March 18, 2019


အဂတိတိုက်ဖျက်ရေး၊ တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပွဲ တစ်ရပ်ကို (၅-၃-၂၀၁၉) ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂)တွင် ကျင်းပ ခဲ့သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာန/ အဖွဲ့များမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အထက် အရာထမ်း စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြသည်။

ရှင်းလင်းဆွေးနွေးပွဲတွင် အဂတိလိုက်စားမှု၏ သဘောတရားနှင့် အကျိုးသက်ရောက်မှုများ၊ ကော်မရှင်ကျင့်ဝတ်၊ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်၊ ကာကွယ်ရေး စီမံချက်ရေးဆွဲခြင်း၊ အသိပညာပေးခြင်း၊ တားဆီး ကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း၊ တိုင်ကြားစာများအပေါ် အရေးယူ ဆောင်ရွက်ပုံ အဆင့်ဆင့်၊ တိုင်ကြားစာနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်း၊ မှတ်တမ်း ထိန်းသိမ်းခြင်းနှင့် သတင်းပို့ခြင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများဖြင့် ဌာနဆိုင်ရာ အရေးယူခြင်း စသည့် ဘာသာရပ်များကို ဝန်ကြီးဌာန၏ အဂတိ လိုက်စားမှု တားဆီး ကာကွယ်ရေး အဖွဲ့ (CPU) အဖွဲ့ဝင်များက ရှင်းလင်းခဲ့ပါသည်။