ရခိုင်ပြည်နယ်၀န်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်၀န်ကြီးများနှင့် တာဝန်ရှိသူများ စစ်တွေမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


Rakhine State Government/ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ / December 20, 2018


စစ်တွေ ဒီဇင်ဘာ ၁၉

ရခိုင်ပြည်နယ်၀န်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါပြီး စစ်တွေမြို့နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေ့ဦးစွာ ပြည်နယ်၀န်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့၊ မိဇံရပ်ကွက်၊ မောင်မြတ်ထွန်းလမ်း၊ အလျား(၆၀၀)ပေ၊ အကျယ်(၂၀)ပေ ကွန်ကရစ်လမ်းဖောက်နိုင်ရေး၊ လမ်းအတွင်း ကွန်ကရစ် ရေနှုတ်တံတားငယ်များပြုလုပ်နိုင်ရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနှုတ်မြောင်းများ ပြုပြင်နိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေသာ လမ်း ကွန်ကရစ်ခင်းခြင်းပြီးစီးမှုနှင့် ရေစီးရေလာကောင်းမွန်ရေး၊ မြို့လယ်ချောင်း ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ရန်အတွက် နှုန်းမြေများ တူးဖော်နိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး တာ၀န်ရှိသူများကို ဆောင်ရွက်နိုင်ရန် မှာကြားသည်။ ထို့နောက် မိဇံကမ်းနားလမ်း၊ မြို့လယ်ချောင်း အနီး ညစျေးတန်းဖော်ဆောင်နိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး BXT ကုမ္ပဏီမှ မြေ(၂)ဧက ဖော်ထုတ်နေမှု၊ ဆန်စျေးတန်းတွင် ဆန်ကုန်သည်များရောင်းချနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့မစျေးကြီးအတွင်း စျေးသူ၊ စျေးသား များ စျေးရောင်းချနေမှု၊ သားငါးတန်း၊ ဟင်းသီးဟင်းရွက်တန်းတို့တွင် ရောင်းချသူများ၏ ရောင်းဝယ်ဖောက်ကားမှုအခြေအနေနှင့် စျေးကောက်အခွန်စည်းကြပ်မှုတို့ကို တွေ့ဆုံမေးမြန်းပြီး လှည့်လည်ကြည့်ရှုသည်။

ထို့နောက်ပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ရှုခင်းသာလမ်းနှင့် ကမ်းနားလမ်း တို့တွင် ရေထိန်းနံရံများ၊ လူသွားလမ်းများကြံ့ခိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ပွိုင့်အနီး ပန်းခြံနှင့်ရေကူးကန် တည်ဆောက်မည့်မြေနေရာတို့ကို လှည့်လည်ကြည့်ရှုကြသည်။

ပြည်နယ်ပြန်ဆက်