ရခိုင်ပြည်နယ်၀န်ကြီးချုပ် ဦးညီပုအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဦးဆောင်သော အဖွဲ့ လာရောက်တွေ့ဆုံ


Rakhine State Government/ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ / December 19, 2018


စစ်တွေ ဒီဇင်ဘာ ၁၈

ရခိုင်ပြည်နယ်၀န်ကြီးချုပ် ဦးညီပုအား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E.Mr.Manjurel Karim Khan Chowdhury ဦးဆောင်သောအဖွဲ့သည် ယနေ့နံနံက် (၁၁၀၀) နာရီတွင် ပြည်နယ်၀န်ကြီးချုပ် ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရခိုင်ပြည်နယ်တို့အကြား စီးပွားရေး၊ လူမှုရေး၊ ဆက်ဆံရေး၊ ကုန်သွယ်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ကဏ္ဍများတွင် ပိုမိုတိုးတက်အောင်ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် စီးပွားရေးကဏ္ဍ ပိုမိုတိုးတက်ရေးတွက် အလား အလာရှိသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံဆက်သွယ်မှုများနှင့် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မောင်တောကညင်ချောင်း စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရေး၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့ပြင် စစ်တွေ-မောင်တော-ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ တိုက်ရိုက်ကုန်သွယ်မှုပြုနိုင်မည့် အခြေ အနေများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည့်နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများရရှိမည့် အခြေအနေများ၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ ယုံကြည်မှုတည်ဆောက်ပြီး ကုန်သွယ်မှု တိုးတက်အောင် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့် အခွန်စည်းကြပ်မှု လျှော့ပေါ့ ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများကို ဆွေးနွေးကြကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်၀န်ကြီးချုပ်၊ ပြည်နယ်၀န်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မြန်မာနိင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးမှ တာ၀န်ရှိ သူများ၊ စစ်တွေအခြေစိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောင်စစ်၀န်တို့တက်ရောက်ကြသည်။