ပုဏ္ဏားကျွန်းမြို့နယ်၊ အောက်သင်ပုန်းတန်းကျေးရွာရှိ နယ်မြေလုံခြုံရေးအခြေအနေကြောင့် နေရပ်စွန့်ခွာ ယာယီခိုလုံနေသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်


Rakhine State Government/ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ / December 18, 2018


စစ်တွေ၊ ဒီဇင်ဘာလ ၁၇

ပြည်နယ်ကြက်ခြေနီအသင်းနှင့် စစ်တွေခရိုင်စီမံခန့်ခွဲမှုကော်မတီတို့မှ တာ၀န်ရှိသူများ ပုဏ္ဏားကျွန်းမြို့နယ်၊ အောက်သင်ပုန်းတန်းကျေးရွာရှိ နယ်မြေလုံခြုံရေးအခြေအနေကြောင့် နေရပ် စွန့်ခွာ ယာယီခိုလုံနေသူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်နှင့် အသုံးဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ယနေ့တွင် အောက်သင်ပုန်းတန်းကျေးရွာရှိ နယ်မြေလုံခြုံရေးအခြေအနေကြောင့် နေရပ် စွန့်ခွာ ယာယီခိုလုံနေသူ အိမ်ထောင်စု(၅၈)စုအတွက် ပုဏ္ဏားကျွန်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် ဆန်အိတ်(၃၀)အိတ်၊ ပြည်နယ်ကြက်ခြေနီနှင့် ခရိုင်စီမံခန့်မှုကော်မတီမှ family kit (၅၈)ပုံး၊ Hygience percel contents kit (၅၈)ဖာ၊ kitchen set (၅၈)ဖာနှင့် Tarpaulins (၆၀)ချပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။

ဒီဇင်ဘာလ ၁၆ ရက် အောက်သင်ပုန်းတန်းကျေးရွာရှိ နယ်မြေလုံခြုံရေး အခြေအနေကြောင့် နေရပ်စွန့်ခွာ ယာယီခိုလုံနေသူ အိမ်ထောင်စု(၅၈)စုအတွက် ပုဏ္ဏားကျွန်းမြို့နယ် စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် ဆန်အိတ်(၂၀)အိတ်၊ လူမှု၀န်ထမ်းဦးစီးဌာနမှ ပစ္စည်း(၄)မျိုးနှင့် ဆန်ရိက္ခာဖိုးငွေကျပ်(၆၀၉၀၀ဝိ/) ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်