ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဝန်ထမ်းမိသားစုများ၏ (၁၃) ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပ


Union Civil Service Board/ Naypyidaw / November 15, 2018


ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဝန်ထမ်းမိသားစုများ၏ (၁၃) ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပ

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၁၃) ကြိမ်မြောက် ဝန်ထမ်း မိသားစုများ စုပေါင်းကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ၁၃.၁၁.၂၀၁၈ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ စုပေါင်းခန်းမ၌ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ နေပြည်တော်ပုဗ္ဗသီရိမြို့၊ အိုးဘိုဂူတောရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တရေဝတအမှူးပြုသည့် အိုးဘိုဂူတောရကျောင်းတိုက်နှင့် ကင်ပွန်းတန်းကျောင်းတိုက်တို့မှ ပင့်သံဃာတော် (၁၅)ပါးတို့အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းနှင့်ဇနီး၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဝင်းမော်၊ ဦးသန်းထွန်း၊ ဒေါက်တာဦးပွား၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရှိ ဥက္ကဋ္ဌ ရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ဝန်ထမ်းမိသားစုများက နေ့ဆွမ်းနှင့် ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီးနောက် အိုးဘိုဂူတောရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တရေဝတထံမှ အနုမောဒနာတရား နာကြား၊ ရေစက်သွန်းချ အမျှဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။