အင်္ဂလိပ်စာအရည်အသွေးမြှင့်တင်မှုသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပခြင်း


Union Civil Service Board/ Naypyidaw / November 15, 2018


အင်္ဂလိပ်စာအရည်အသွေးမြှင့်တင်မှုသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် နယူးဇီလန်နိုင်ငံ၊ ဗစ်တိုးရီးယားတက္ကသိုလ်တို့ ပူးပေါင်းမှုအစီအစဉ်ဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများရှိအရာထမ်းများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်တင်မှုသင်တန်း(English Language Training for Government Officials)အမှတ်စဉ်(၁)၊သင်တန်းဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို(၁၅-၁၁-၂၀၁၈) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၁၇)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဒေါက်တာဝင်းသိမ်းကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်မြို့ရှိနယူးဇီလန်နိုင်ငံသံရုံးမှ သံအမတ်ကြီးH.E.Mr. Steve Marshall က နှုတ်ခွန်းဆက်အမှာစကားကိုလည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူများကိုယ်စားသင်တန်းသူတစ်ဦးမှကျေးဇူးတင်စကားကိုလည်းကောင်းအသီးသီးပြောကြားကာအဖွဲ့ဥက္ကဋ္ဌဒေါက်တာဝင်းသိမ်းနှင့် နယူးဇီလန်နိုင်ငံသံအမတ်ကြီးMr. Steve Marshall တို့ကသင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ပြီးစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်ဦးသန်းထွန်း၊အမြဲတမ်းအတွင်းဝန်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်မြို့ရှိနယူးဇီလန်နိုင်ငံသံရုံးမှသံအမတ်ကြီးH.E. Mr. Steve Marshall၊ သင်တန်းနည်းပြဆရာများဖြစ်သည့် Mr. Stephen John Dickensနှင့် Ms. Jeannette Ruth Grundy၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှအဆင့်မြင့်အရာရှိကြီးများနှင့် သင်တန်းသား၊ သင်တန်းသူ(၁၀၅)ဦးတို့တက်ရောက်ခဲ့ကြပါသည်။

၎င်းသင်တန်း၌ နိုင်ငံ့ဝန်ထမ်းများနှင့် ဆက်စပ်မှုရှိသည့် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာနည်းဗျူဟာများ၊ ကောင်းမွန်သောအုပ်ချုပ်မှုဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် အသုံးချမှု၊ပွင့်လင်းမြင်သာမှု၊ တာဝန်ခံ/ တာဝန်ယူမှု၊ ဂုဏ်သိက္ခာရှိမှု၊ ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်ဖွံ့ဖြိုးတိုးတက်မှု၊ တန်းတူညီမျှအခွင့်အရေးရရှိမှု၊ ပြည်သူဗဟိုပြုခေါင်းဆောင်မှု၊ လုပ်ငန်းစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှု၊ပြည်သူယုံကြည်မှုကိုတည်ဆောက်ခြင်းဖွင့်ဆိုမှုနှင့် e-government စသည့်ဘာသာရပ်များကိုအခြေခံ၍ နားထောင်မှုစွမ်းရည်၊ အပြောစွမ်းရည်၊ အဖတ်စွမ်းရည်များမှတစ်ဆင့် ဝေါဟာရကြွယ်ဝစေရန်၊ သွက်လက်စွာပြောဆိုနိုင်မှုကိုတိုးမြှင့်စေရန်၊ အစည်းအဝေးမှတ်တမ်းရေးသားခြင်းနှင့် အီးမေးလ်ရေးသားခြင်းတို့တွင် အင်္ဂလိပ်စာစွမ်းရည်ပိုမိုတိုးတက် ကောင်းမွန်စေရေးခေတ်မီသင်ကြားရေးနည်းဗျူဟာများကိုသုံး၍ သင်ကြားပို့ချခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါသင်တန်းကိုအုပ်စု(၁)တွင် ညွှန်ကြားရေးမှူးနှင့် အထက်အဆင့်အရာထမ်းများနှင့် လစာနှုန်းတူအရာထမ်းများ၊ အုပ်စု(၂)တွင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့်လစာနှုန်းတူအရာထမ်းများ၊ အုပ်စု(၃)တွင်ဦးစီးအရာရှိနှင့် လစာနှုန်းတူအရာထမ်းများဟူ၍အုပ်စု(၃)စု၊တန်းခွဲ (၆) ခုခွဲခြား၍သင်တန်းပထမပိုင်းကို၅-၂-၂၀၁၈ ရက်နေ့မှ ၁၆-၃-၂၀၁၈ ရက်နေ့အထိလည်းကောင်း၊ ဒုတိယပိုင်းကို ၇-၅-၂၀၁၈ ရက်နေ့မှ ၁၃-၇-၂၀၁၈ ရက်နေ့အထိလည်းကောင်း၊ တတိယပိုင်းကို ၁၀-၉-၂၀၁၈ ရက်နေ့မှ ၁၅-၁၁-၂၀၁၈ ရက်နေ့အထိလည်းကောင်းအသီးသီးဖွင့်လှစ်ပို့ချခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင် ထပ်မံဖွင့်လှစ်မည့်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများရှိအရာထမ်းများအတွက်အလားတူအင်္ဂလိပ်စာအရည်အသွေးမြှင့်တင်မှုသင်တန်း(English Language Trainingfor Government Officials)အမှတ်စဉ်(၂) သင်တန်းဝင်ခွင့်စစ်ဆေးခြင်းအစီအစဉ်(PlacementTest)ကိုလည်း၁၆-၁၁-၂၀၁၈ ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၁၇)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၌ ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

 

 

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့

နေပြည်တော်

ရက်စွဲ။ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ  ၁၅  ရက်