ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးရန်ကုန်မြို့တွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းကော်မတီနှင့် တွေဆုံဆွေးနွေး


Ministry of Social Welfare, Relief & Resettlement/ ရန်ကုန်မြို့ / September 26, 2018


     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြို့၊ Yangon   International Hotel၊ Royal Ballroom၌ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးလုပ်ငန်း အဖွဲ့ Disaster Risk Reducion (DRR) Working Group မှကိုယ်စားလှယ်များနှင့်ယမန်နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။
        တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးကဘေး အန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန၏ မူဝါဒတွင် ဘေးမဖြစ်ခင်၊ ဖြစ်ဆဲနှင့် ဖြစ်ပြီးကာလများအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်း များ၌ ပြည်သူ လူထု၊ အရပ်ဖက်လူမှု အဖွဲ့ အစည်းများ၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ထည့်သွင်း ထားပါကြောင်း၊ အဆိုပါ မူဝါဒကို အကောင်အထည်ဖော်နိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့်လည်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဘေးဖြစ်ပွားသည့် နေရာများသို့ မိမိအပါ အဝင်တာဝန်ရှိ သူများသွား ရောက်၍ ပြည်သူများ၏အသံ၊ ၎င်းတို့ကြုံ တွေ့နေရတဲ့ အခက်အခဲများနှင့် လိုလားချက်များကို တိုက်ရိုက် ကြားသိနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်သူ့ကိုယ် စားလှယ်များဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ် ဘက်လူမှုရေးအဖွဲ့အစည်းများနှင့် အစိုးရတာဝန်ရှိ
သူများမှ တစ်ဆင့်လည်း လိုအပ်ချက်များကိုကြားသိ ရပါကြောင်း၊ ယနေ့အစည်းအဝေး ကိုရည်ရွယ် ချက်(၃)ခုနှင့် ကျင်းပပြုလုပ်ရာတွင်DRR Working Group၏ လက်ရှိလုပ်ငန်း စဉ်များကိုသိရှိကာပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုတိုးမြှင့်ရန်၊ ဝန်ကြီးဌာန၏ လတ်တလော ဦးစားပေး ဆောင်ရွက် ချက် များကိုအသိပေးပြောကြားနိုင်ရန်၊ မြန်မာနိုင်ငံဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများကိုဆောင်ရွက်ရာ တွင်အဖွဲ့ အစည်းအားလုံး ပါဝင်သည့် ပေါင်းစည်းဆောင်ရွက်ရေး စင်္ကြံ National Platform တစ်ခု ဖော်ဆောင်နိုင်ရန်တို့ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေကိုပြန်လည် သုံးသပ် ခြင်း၊ ရေဘေးသင့်ဒေသများအမြန်ပြန် လည်ထူ ထောင်နိုင်ရေးအတွက် ဆောင်ရွက်ခြင်း၊မြန်မာ နိုင်ငံတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက်အကောင် အထည် ဖော်ဆောင် ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ(၁၃)ရက်နေ့ တွင် ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်နေခြင်း များကိုဆွေးနွေးခဲ့ပါသည်။

   ထို့အပြင် ပြည်ထောင်စုဝန်ကြီးမှဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများအတွက် National Platformတစ်ခုဖော်ဆောင်နိုင်ခြင်း အားဖြင့်အဆိုပါ ပေါင်းစည်း ဆောင်ရွက်ရေး စင်္ကြံပေါ်တွင်အဖွဲ့အစည်းအားလုံးမှ တူညီသောဦးတည်ချက်ဖြစ်သည့် ဘေးဒဏ်ခံနိုင်ရည်ရှိ သောလူ့ဘောင်အဖွဲ့အစည်းထူထောင်ရေးအတွက်အတူတကွပူးပေါင်းချီတက်လျှောက်လှမ်းကြရန် တိုက်တွန်းပါကြောင်း၊ပြည်သူ့အစိုးရ အနေဖြင့်ပြည်သူမှသည်ပြည်သူ့ဆီသို့ “From People to People” ဟူသည့်အခြေခံမူဖြင့် ဘေးအန္တရာယ်ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးနေခြင်းဖြစ်ရာDRR Working Group အဖွဲ့ဝင်များသည်လည်း ပြည်သူ များဖြစ်သည့်အတွက် ပြည်သူအားလုံးကောင်းကျိုးအတွက် ဆောင်ရွက်မည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများ တွင်တက်ကြွ ဂုဏ်ယူစွာပူးပေါင်းဆောင် ရွက်ကြမည်ဟုယုံကြည်ပါကြောင်းစသည်ဖြင့်ပြောကြား ခဲ့ပါသည်။DRR Working Group တွင်ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းစုစုပေါင်း (၆၈)ဖွဲ့ပါ ဝင်ပြီးအဖွဲ့ဝင်ကိုယ်စားလှယ်များမှ မြန်မာနိုင်ငံအတွင်းဘေးအန္တရာယ် များကြောင့်ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးအတွက်ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ဆောင်ရွက်ခဲ့သည့်အောင်မြင်တိုးတက်မှု များ၊လက်ရှိဆောင်ရွက် ဆဲလုပ်ငန်းများနှင့်ရှေ့ ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များ ကိုတင်ပြဆွေးနွေးခဲ့ကြပါသည်။ယနေ့ နံနက်ပိုင်းတွင် ဝန်ထမ်းများအား တွေ့ဆုံပွဲနှင့်ဂုဏ်ပြုမှာတမ်းလွှာပေးအပ်ပွဲအခမ်းအနားကိုဝန်ကြီးဌာန၊စုပေါင်းခန်းမတွင်ကျင်းပပြုလုပ်ရာပြည်ထောင်စုဝန်ကြီးတက်ရောက်အမှာ စကားပြောကြားပြီးပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်း များကြိုးစားအားထုတ်မှုကိုအသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြု မှာတမ်းလွှာပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့ ဝန်ထမ်း၊ ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်သူကအသိအမှတ်ပြုခံရသောဝန်ထမ်းကောင်း များဖြစ်အောင် ရှေ့ဆက်၍ အတူတကွ ပူးပေါင်းအင်အားဖြင့် ပိုမိုကြိုးစားအားထုတ် ဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြားခဲ့ပြီး ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးမှ ဝန်ထမ်းများအတွက် ဂုဏ်ပြုမှာတမ်းလွှာများကိုပေး အပ်ရာတာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။