အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း (၆၅)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား တက်ရောက်


Amyotha Hluttaw/ ဘားအံ / November 17, 2020


(၆၅)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ် အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ (၇.၁၁.၂၀၂၀)ရက်နေ့ နံနက် ၇ နာရီတွင် ကျန်းမာရေးနှင့် ကားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးစောစံလင်း၊ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမန်းကျော်ဝင်းမောင် တို့က ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (ကရင်/မွန်တာဝန်ခံ) ဦးစောဒယ်နီရယ်ကြည်၊ ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးစောစံလင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမန်းကျော်ဝင်းမောင်၊ နိုင်ငံရေးပါတီများ၊ ကော်မရှင်အဖွဲ့အဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။

ထို့နောက် ဘာပတိ ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ (၆၅) နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ကရင်ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဖတ်ကြားသည်။

(၆၅) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ကိုဗစ်-၁၉ဖြစ်ပွားနေသည့် ကာလဖြစ် သောကြောင့် ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိဘဲ ကျန်းမာရေး နှင့်ကားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အကျဉ်းချုံးသာ ကျင်းပခဲ့သည်။