ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး


Bago Region Government/ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ / November 23, 2020


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၂၂)ရက်နေ့ မွန်းလွဲပိုင်းအချိန်က တာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ကျွဲရိုင်းပြင်ကျေးရွာ အုပ်စုအတွင်းရှိ အုန်းပင်‌ကွေ့ကျေးရွာ တွင် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာ‌ရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၁၁ကေဗွီလိုင်း(၁)မိုင်နှင့် ၁၁.၀၄ကေဗွီ(၂၀၀)ကေဗွီအေ ထရန်စဖော်မာ(၁)လုံး တပ်ဆင် တည်ဆောက် သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုကြပြီး လုပ်ငန်းများ အမြန်ပြီးစီး‌ရေးနှင့် စံချိန်စံညွှန်းမီအောင် စေတနာထားလုပ်ဆောင်ပေးကြရန် သက်ဆိုင်ရာတာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာနှစ် သဘာဝဘေး ရန်ပုံငွေကျပ်သန်း(၉၀)ဖြင့် တည်ဆောက်လျှက်ရှိသည့် ရေတာရှည်- မျက်နှာပြင်- အုန်းပင်ကွေ့လမ်းပေါ်ရှိ (၄၀×၁၆)ပေသံကူကွန်ကရစ် တံတား(၁)စင်းနှင့် (၂၀×၁၆)ပေ သံကူကွန်ကရစ်တံတား(၁)စင်းတို့ တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပေါင်းအိုးအင်း ရေရှည်တည်တံ့နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသည် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာ‌ရေးနှစ် တိုင်းဒေသကြီးအစိုးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆင်ဂွေကျေးရွာအုပ်စု ဆင်ဂွေ- မန်ကျည်းကုန်း-ကူတို့ကုန်း- ထိပ်ပေါက်-နှောပင်ကျေးရွာများသို့ ဆက်သွယ်သည့်လမ်း ကျောက်ရော‌‌မြေခင်းခြင်းလုပ်ငန်းနှင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးနေသည့် သစ်သားတံတားအစား (၆၅×၁၆)ပေရှိသံကူကွန်ကရစ်တံတား တည်ဆောက်မည့် အနေအထားများ၊ ဆင်ဂွေ၊ ကူတို့ကုန်း၊ သာယာကုန်း၊ မန်ကျီးကုန်း၊ ထိပ်ပေါက်၊ နှောပင်ကျေးရွာ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကူတို့ကုန်းဘုန်းတော်ကြီးကျောင်း ဆရာတော်၊ ထိပ်ပေါက်ကျေးရွာကျောင်း ဆရာတော်နှင့် နှောပင်ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်တို့အား ဖူးမျှော်ကန်တော့ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

https://bagoregion.gov.mm/