မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနား ပြည်ထောင်စုဝန်ကြီး တက်ရောက်
မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနား ပြည်ထောင်စုဝန်ကြီး တက်ရောက်
Ministry of Immigration & Population/ Naypyitaw / January 15, 2021
နေပြည်တော် ၊၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ၁၅-၁-၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၅၁)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စုဝေးခန်းမ၌ Virtual System ဖြင့် ကျင်းပခဲ့ရာ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင်မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသိ အမှတ်ပြုလက်မှတ်ရရှိထားသည့်လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး COVID-19 ကာကွယ်ထိန်းချုပ်နေဆဲကာလအတွင်း ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေး အပ်ပွဲ အခမ်းအနားကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များပေး အပ်ရာတွင်၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်များတွင်ဖြေဆိုအောင်မြင်ခဲ့ ကြသည့် ကျွမ်းကျင်လုပ်သား (၁၁၆၅) ဦး၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၁၁) ခု၊ Assessor (၉) ဦး နှင့်Inspector (၂၂) ဦးတို့ကို Online ဖြင့် ပထမဆုံးအကြိမ် အသိအမှတ်ပြု လက်မှတ်များပေးအပ်ခြင်းဖြစ်ကြောင်း၊
NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှ စတင်၍ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ရေးဆောင်ရွက်ခဲ့ရာ ယနေ့ထိအလုပ်အကိုင် (၃၀) မျိုးအတွက် အောင်မြင်သူ ကျွမ်းကျင်လုပ်သား ၁၆,၅၁၉ ဦးရှိကြောင်း၊ ယခုအခါ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်လုပ်သား ၃၀၀၀ ဦး စစ်ဆေးအကဲဖြတ်ရန် လျာထား သတ်မှတ်ထားသည့်အတွက် New Normal နှင့်ကိုက်ညီသည့် စစ်ဆေးအကဲဖြတ်မှုများကို ယခု ဇန်နဝါရီလမှစတင်ပြီးပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိစစ်ဆေးအကဲဖြတ်ရေးဌာနများတွင် တစ်ကြိမ်လျှင်ဖြေဆိုသူ(၂၀) ဦးသတ်မှတ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊
ကမ္ဘာ့အလုပ်အကိုင်လောကတွင် လုပ်ကိုင်ရမှုပုံစံများ လျင်မြန်စွာ ပြောင်းလဲလာပြီး ကာယလုပ်သားလိုအပ်ချက်ထက် ဉာဏလုပ်သားလိုအပ်ချက်များ လာနိုင်သောကြောင့် အလုပ် အကိုင် အသစ်များတွင်ကျွမ်းကျင်မှု ကူးပြောင်းဆောင်ရွက်နိုင်ရန်လိုအပ်သည့် ကျွမ်းကျင်မှု အသစ်များ ကြိုတင်ဖြည့်ဆည်းထားနိုင်ရေး အပတ်တကုတ်ကြိုးပမ်းအား ထုတ်ရန်လိုကြောင်း၊ လုပ်သားများအနေဖြင့် နိုင်ငံတော်မှဘဏ္ဍာငွေအကုန်အကျခံပြီး ဆောင်ရွက်ပေးနေသည့် ကာလ တွင်မိမိတို့ကျွမ်းကျင်မှုကို စစ်ဆေးအကဲဖြတ်အသိအမှတ်ပြုခံနိုင်ရေး အလေးထားဆောင်ရွက် စေလိုကြောင်း၊ အလုပ်ရှင်များအနေဖြင့်လည်း လုပ်သားများကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခံ နိုင်ရေးပူးပေါင်းပါဝင်စေလိုကြောင်း၊ ယနေ့ဒီဂျစ်တယ်ခေတ်တွင်လေ့လာသင်ယူမှုများ လက်လှမ်း မီလာပြီးသင်ယူလိုစိတ်ရှိပါက အလွယ်တကူဝင်ရောက်လေ့လာနိုင်ရေး အဖက်ဖက်မှစီစဉ်ဖန်တီး ပေးလျက်ရှိကြောင်း၊ NSSA မှ NSSA Web Portal ကိုတည်ထောင်ထားပြီး အလုပ်ရှင်များ၊ အလုပ်သမားများအနေဖြင့် NSSA ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးအတွက် သိရှိလိုသည်များကို Web Portal မှ တစ်ဆင့်အချက်အလက်များ ရယူနိုင်မည် ဖြစ်ကြောင်း၊
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများ လာရောက်နေထိုင်လုပ်ကိုင်မှုများပြားရသည့် အကြောင်းရင်းဆန်းစစ်လေ့လာမှုစစ်တမ်းအစီရင်ခံ စာအရ ရန်ကုန်တိုင်းဒေသကြီးရှိစက်မှုဇုန်များသို့ ရွှေ့ပြောင်းလာသည့်အလုပ်သမားများတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့မှ အများဆုံးရွှေ့ပြောင်း လာရောက်ကြကြောင်း၊ အမျိုးသမီးရွှေ့ပြောင်းလုပ်သား၅၀ % ပါဝင်ကြောင်း၊ လုပ်သားအများစု သည် မူလတန်းအဆင့်နှင့်အလယ်တန်းအဆင့်ပြီးမြောက်သူများကြောင်း၊ အထည်အလိပ်နှင့် အထည်ချုပ်ဆိုင်ရာလုပ်ငန်းများတွင် လုပ်ကိုင်သူများကိုတွေ့ရှိရသဖြင့် အဆိုပါ တိုင်းဒေသကြီး နှင့်ပြည်နယ်များအတွင်းရှိ လုပ်သားများကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကို အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
ယခု COVID-19 ကာလအတွင်းအထည်ချုပ် စက်ရုံ၊အလုပ်ရုံအချို့တွင် အလုပ်သမား လျော့ချမှုများရှိရာ လျော့ချခံရသော အလုပ်သမားများအတွက် ယခုကာလအတွင်းအထည်ချုပ် ကျွမ်းကျင်မှုသင်တန်းများ တက်ရောက်နိုင်ရေးစီစဉ်ခြင်း၊ ကျွမ်းကျင်မှုဆိုင်ရာ စိစစ်အကဲဖြတ် ခံယူ၍ အထည်ချုပ်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ရယူထား ခြင်းများဆောင်ရွက်ထားရန်လိုကြောင်း၊ မြန်မာ့စီးပွားရေးကုစားမှုနှင့် ပြန်လည်ထူထောင်ရေး အစီအမံနှင့်အတူပေါ်ပေါက်လာမည့် အလုပ်အကိုင်အခွင့်အလမ်းများအတွက် အဆင်သင့်ဖြစ်နေ စေရေးကိုလည်း အလုပ်သမားများ၊ အလုပ်ရှင်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ ဆက်စပ်ဝန်ကြီးဌာန များကဟန်ချက်ညီစွာပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊
အနာဂတ်အလုပ်အကိုင်သစ်များတွင် Green Economy ကိုအထောက်အပံ့ဖြစ်စေသော Green Skills များ၊ New Skills များပါဝင်သောအချိန်နှင့်အမျှပြောင်းလဲတိုးတက်နေသည့် ခေတ်သစ်ဒီဂျစ်တယ်နည်းပညာများနှင့်ယှဉ်တွဲနေသောအလုပ်အကိုင်များ၊နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများမှဝင်ရောက်လာသောအလုပ်အကိုင်များ၊ကျွမ်းကျင်မှုကွာဟချက်ကြိုတင်သုတေသနပြုပြီးသက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက်ဖော်ထုတ်သတ်မှတ်နိုင်ရေးလျာထားဆောင်ရွက်မည်ဖြစ်ကြောင်း၊COVID-19 ကပ်ရောဂါကြောင့် ပုံစံသစ်ပြောင်းလဲဆောင်ရွက်နေသည့် လက်ရှိကာလနှင့် COVID-19 အလွန်ကာလများတွင် ကျွမ်းကျင်လုပ်သားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရေး NSSA က သိအမှတ်ပြုပေးသည့် အလုပ်အကိုင်အလိုက် အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို လုပ်သားများအား ပိုမိုပေးအပ်နိုင်ရေး အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ အသိအမှတ်ပြု လက်မှတ်ရရှိသည့် Assessor များ၊ Assessment Center များမှကိုယ်စားလှယ်များ၊ အသိအမှတ် ပြုလက်မှတ်ရရှိသည့်ကျွမ်းကျင်လုပ်သားများ၏ကိုယ်စားလှယ်များအားအသိအမှတ်ပြုလက်မှတ် များ အသီးသီးပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ Inspector အသိအမှတ်ပြုလက်မှတ်ရရှိသူများကိုယ်စား အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မှ NSSA နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး အလုပ်ရှင်ကိုယ်စားလှယ် နှင့် ဖြေဆိုအောင်မြင်ခဲ့သည့် လုပ်သားများကိုယ်စား လုပ်သားကိုယ်စားလှယ် တို့မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ NSSA မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့်အသိအမှတ်ပြုရေးကော်မတီနှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီမှ တာဝန်ရှိသူများ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများမှ တာဝန်ရှိသူများ၊ အသိအမှတ်ပြုလက်မှတ်ရယူကြ မည့် Inspector များ၊ Assessor များ၊ စစ်ဆေးအကဲဖြတ်ရေးဌာနများနှင့် ကျွမ်းကျင်လုပ်သားများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
- Ministry of Defense
- Ministry of Home Affairs
- Ministry of Foreign Affairs
- Ministry of Union Government Office (1)
- Ministry of Union Government Office (2)
- Ministry of Border Affairs
- Ministry of Planning and Finance
- Ministry of Investment and Foreign Economic Relations
- Ministry of International Cooperation
- Ministry of Legal Affairs
- Ministry of Information
- Ministry of Religious Affairs & Culture
- Ministry of Agriculture, Livestock and Irrigation
- Ministry of Transport and Communications
- Ministry of Natural Resources & Environmental Conservation
- Ministry of Electric Power
- Ministry of Energy
- Ministry of Industry
- Ministry of Immigration & Population
- Ministry of Labour
- Ministry of Commerce
- Ministry of Education
- Ministry of Science and Technology
- Ministry of Sports and Youth Affairs
- Ministry of Construction
- Ministry of Social Welfare, Relief & Resettlement
- Ministry of Hotel & Tourism
- Ministry of Ethnic Affairs
- Ministry Testing -TRT
- Ministry of NN
- Ministry of TT
- Ministry of HH
- Ministry of PP
- CHAW EI MYAT THU (Ministry)
- AyeMyatThu (Testing)
- Ministry of ITCS
- Test Ministry by SL 2
- Ministry of Saint (104)
- Ministry of GPMS
- Ministry of Haymann Soe
- CZ ဝန်ကြီးဌာန