ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် BowerGroupAsia (Myanmar) ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်တင်မေသိန်း (Judy Ko) အား လက်ခံတွေ့ဆုံ


Pyithu Hluttaw/ နေပြည်တော် / February 21, 2020


ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် BowerGroupAsia (Myanmar) ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်တင်မေသိန်း (Judy Ko) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်လုပ်ငန်းများ ဆောင်ရွက် ရာတွင် ပိုမိုလွယ်ကူအဆင်ပြေနိုင်စေရန် နည်းပညာကဏ္ဍ အသုံးချနိုင်မှု စွမ်းရည်မြှင့်တင်နိုင်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများ ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း ၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်