ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် Hanns Seidel Foundation (HSF) ၏ ဌာနေကိုယ်စားလှယ် Mr. Achim Munz အား လက်ခံတွေ့ဆုံ


Pyithu Hluttaw/ နေပြည်တော် / February 20, 2020


ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် Hanns Seidel Foundation (HSF) ၏ ဌာနေကိုယ်စားလှယ် Mr. Achim Munz အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်းအနေဖြင့် လွှတ်တော်လုပ်ငန်းစဉ်များဖွံ့ဖြိုးရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အကူ အညီပေးလျက်ရှိသည့် ကိစ္စရပ်များ၊ အနာဂတ်ရည်မှန်းချက်ဖြစ်သည့် လွှတ်တော်အကျိုးပြုလုပ်ငန်း များဆောင်ရွက်ရာတွင် ယခုထက်ပိုမိုထိရောက်သည့် အကူအညီများဖြစ်စေရေး၊ လွှတ်တော်နှင့် ပြည်သူ ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိနိုင်ရေးဆိုင်ရာ နည်းပညာကဏ္ဍ မြှင့်တင်သွားနိုင်ရေး၊ ကျောင်းသား လူငယ်များ ဒီမိုကရေစီစနစ် အခြေခံသဘောတရားများ သိရှိနိုင်ရန် အသိပညာမျှဝေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ လွှတ်တော်များဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် ပြည်သူ့လွှတ်တော်ရုံး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်