ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဟိန် ဂျာမန်လွှတ်တော်မှ အာဆီယံပါလီမန်များ၏ ဥက္ကဋ္ဌ Mrs. Renate Kunast အား လက်ခံတွေ့ဆုံ


Pyithu Hluttaw/ နေပြည်တော် / February 20, 2020


ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် ဂျာမန်လွှတ်တော်မှ အာဆီယံ ပါလီမန်များ၏ ဥက္ကဋ္ဌ Mrs. Renate Kunast ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ သဘင်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ - ဂျာမနီ နှစ်နိုင်ငံ ချစ်ကြည်ရင်နှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်းအနေဖြင့် မြန်မာလွှတ်တော်များသို့ အကူအညီပေးလျက်ရှိသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်းချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဇော်သိန်း၊ ဦးခင်အေးနှင့် ကော်မတီအတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးဘိုဘိုဦး၊ ဦးခင်မောင်စိုး နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်