ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H. E. Ms. Tone Tinnes အား လက်ခံတွေ့ဆုံ


Pyithu Hluttaw/ နေပြည်တော် / July 17, 2020


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H. E. Ms. Tone Tinnes အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-နော်ဝေ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ ပြုပြင်ပြောင်းလဲမှု လုပ်ငန်း စဉ်များ၊ ငါးဖမ်းလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်း၊ သဘာဝသယံဇာတ၊ စွမ်းအင်၊ ပတ်ဝန်းကျင် စီမံ ခန့်ခွဲမှုဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေး ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၆ ရက်