ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေးသို့တက်ရောက်


Ministry of Immigration & Population/ Naypyitaw / December 04, 2020


ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေးသို့တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ လ  ၄  ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး

(၁/၂၀၂၀) ကို ၄-၁၂-၂၀၂၀ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၅၁)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့

အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပခဲ့ရာ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှု

ကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

 

          ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အပြည် ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စံနှုန်းများ

အပေါ်အခြေခံပြီး COVID-19 အကျပ်အတည်းကို တုံ့ပြန်နိုင်ရေးနှင့်စပ်လျဉ်းပြီး စီးပွားရေးနှင့်အလုပ်အကိုင်ကဏ္ဍ ပြန်လည်နိုးထလာစေရေး

ဆောင် ရွက်ပေးရန်၊ အလုပ်ဌာနများအား အလုပ်အကိုင်နှင့် ဝင်ငွေရရှိမှုများအတွက် ထောက်ပံ့ပေးရန်၊ လုပ်ငန်းခွင်များတွင် အလုပ်သမားများ

ကို အကာအကွယ်ပေးရန်၊ ဖြေရှင်းဆောင်ရွက်ရမည့် နည်း လမ်းများအတွက် လူမှုရေးဆိုင်ရာ ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်ပေးရန်

စသည့် အဓိက လုပ်ငန်း မဏ္ဍိုင် (၄) ရပ်ကို နိုင်ငံတော်အစိုးရနှင့် မိမိတို့ဝန်ကြီးဌာနတို့မှ အလေးထားအကောင် အထည်ဖော်ဆောင်ရွက်ပေး

လျက်ရှိပါကြောင်း၊

လူမှုဖူလုံရေးအဖွဲ့သည် အလုပ်ရှင်နှင့် အလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာန တစ်ခုဖြစ်စေရေး မျှော်မှန်းပြီး နိုင်ငံတကာ၏

လူမှုဖူလုံရေးအဖွဲ့များကဲ့သို့ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှု (၄) ရပ်ဖြစ်သည့် သတင်းအချက်အလက်နှင့်နည်းပညာကဏ္ဍ

ပြုပြင်ပြောင်းလဲခြင်း(IT Reform)၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုကဏ္ဍပြုပြင်ပြောင်းလဲ ခြင်း (Medical Reform)၊ စီမံခန့်ခွဲရေး

ကဏ္ဍပြုပြင်ပြောင်းလဲခြင်း(Administrative Reform) နှင့် ဥပဒေရေးရာကဏ္ဍပြုပြင်ပြောင်းလဲခြင်း(Legal Reform) တို့ကို ILO အပါအဝင်

နိုင်ငံတကာအဖွဲ့ အစည်းများနှင့်ပူးပေါင်းလျက်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊အကျိုးခံစားခွင့်များပေးအပ်ရာတွင်နှောင့်နှေ

းကြန့်ကြာမှုမရှိစေရေး၊အာမခံအလုပ်သမားများ စိုက်ထုတ်ကုန်ငွေလျော့ နည်းစေရေးတို့အတွက် လုပ်ငန်းစဉ်များကို လေ့လာဆန်းစစ်၍ဖြေ

လျော့ပေးမှုများ ဆောင်ရွက် လျက်ရှိပြီး အကျိုးခံစား ခွင့်များကိုလည်း Online Payment ဖြင့် ခွင့်ပြုထုတ်ပေးနိုင်ရေးအတွက် Wave Money

ငွေကြေးဝန်ဆောင်မှုစနစ်ဖြင့် စမ်းသပ်လုပ်ဆောင်ပေးနေပြီဖြစ်ပါကြောင်း၊  ထည့်ဝင်ကြေးအား Online Payment ဖြင့်ဆောင်ရွက်ပေးနိုင်ရေး

ကို စမ်းသပ်လုပ်ဆောင်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊

ထို့အပြင် COVID-19 အကျပ်အတည်းကာလအတွင်း စီမံကိန်း အကျုံးဝင်သည့် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်နှင့် အလုပ်သမားများအတွက်

ဖြေလျှော့ပေးမှုများအနေဖြင့် ထည့်ဝင် ကြေးပေးသွင်းသည့်ကာလကို (၃) လ နောက်ဆုတ်ပေးသွင်းခွင့်ပြုခြင်း၊  အလုပ်လက်မဲ့ဖြစ်ပွား နေစဉ်

အတွင်း မကျန်းမာမှုငွေကြေးအကျိုးခံစားခွင့်၊ ဆေးဖိုးနှင့် ခရီးစရိတ်များကို ၆ လမှ ၁ နှစ် အထိ တိုးမြှင့်ခံစားခွင့်ပြုခြင်း၊ ကိုယ်ဝန်ဆောင်

အာမခံအလုပ်သမားများအပြင် COVID-19 ရောဂါဖြစ်ပွားကူးစက်ခံရသူနှင့် Quarantine ဝင်ရသည့် အာမခံအလုပ်သမားများကို ဥပဒေနှင့်

အညီ မကျန်းမာမှု ဆေးသက်သေခံလက်မှတ်(ဆ-၁) များ ထုတ်ပေး၍ ငွေကြေးအကျိုးခံစားခွင့် ၆၀% ခွင့်ပြုပေးခြင်း တို့ကို ဆောင်ရွက်ပေး

လျက်ရှိပါကြောင်း၊

ထို့အပြင် PUI လူနာများအတွက် ရန်ကုန်၊ မန္တလေး၊ ထန်းတပင် အလုပ်သမားဆေးရုံကြီး များတွင် ICU ခန်း (၂) ခန်းနှင့် လူနာ (၁၈) ဦးဆံ့

Isolation Room (၁) ခန်းစီ ပြင်ဆင်ထားရှိပြီး မန္တလေးအလုပ်သမားဆေးရုံကြီးတွင်  COVID-19 Positive လူနာ (၁၀၀) ဦး ထားရှိကုသနိုင်

ရန် ကုသဆောင် (၄) ဆောင်တို့ကို လိုအပ်သည်များပြင်ဆင်မွမ်းမံ၍ ကုသပေးလျက်ရှိကြောင်း၊ COVID-19 ကာလအတွင်း ဆေးကုသမှုပေးနေ

သည့် လူနာများအပါအဝင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် အတွင်းလူနာ (၅,၅၁၇) ဦးနှင့် ပြင်ပလူနာ (၁,၀၈၇,၇၆၄) ဦးတို့ကို ဆေးကုသမှုပေးနိုင်

ခဲ့ပါကြောင်း၊ COVID ကာလအတွင်း PUI လူနာများကို နှာခေါင်းနှင့် အာခေါင်တို့ပတ်ယူခြင်းနှင့် လိုအပ်သော ဓါတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ပေ

းပြီး Positive လူနာများအား MOHS မှ သတ်မှတ် ထားသည့် ဆေးရုံများသို့ လွှဲပြောင်းပေးခြင်းတို့ဆောင်ရွက်ခဲ့ပြီး ၁၄-၁၁-၂၀၂၀ ရက်နေ့မှ

စ၍ မန္တလေးအလုပ်သမားဆေးရုံကြီးတွင် အာမခံအလုပ်သမားမဟုတ်သည့် COVID-19  Positive လူနာများ ကိုပါလက်ခံကုသပေးလျက်ရှိပါ

ကြောင်း၊

COVID-19 1st Wave ကာလဖြစ်သည့် မေလ ၁၃ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့ အတွင်း လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀

% ထောက်ပံ့ပေးမှုများအနေဖြင့် ယာယီ ပိတ်ထားခဲ့သော စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနပေါင်း (၆,၇၅၀) ဌာန၊ အလုပ်သမားပေါင်း (၈၀၄,၅၈၅)

ဦးတို့အတွက် ငွေကျပ်သန်း (၁၉,၇၉၁.၁၇၈) ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်ရှိနေ သည့် ဌာနများမှ အာမခံအလုပ်သမားများကိုလည်း ဆက်လက်

ခွင့်ပြုထုတ်ပေးနိုင်ရေး စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့အပြင် COVID-19 2nd  Wave ကာလအတွင်း Stay at Home အစီအစဉ်၌ အကျုံးဝင် သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ

အလုပ်သမား (၉၇၉,၁၀၉) ဦးတို့အတွက် ဒုတိယ အကြိမ် လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀% ခွင့်ပြုပေးနိုင်ရန် ငွေကျပ်သန်းပေါင်း(၆၇,၇၉

၂.၅၆၃) ကို လျာထားဆောင်ရွက်လျက်ရှိပြီး (၂၄-၉-၂၀၂၀) ရက်နေ့မှစ၍ Online Web portal နှင့် မြို့နယ် ရုံးခွဲများမှတစ်ဆင့် ပေးပို့

လျှောက်ထားလာမှုများကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ၃၀-၁၁-၂၀၂၀ ရက်နေ့အထိ လျှောက်ထားမှုပြည့်စုံသည့် အလုပ်ဌာန(၅,၇၈၀) ဌာန

မှ အာမခံအလုပ်သမား (၆၇၄,၀၀၁) ဦးအတွက် ငွေကျပ်သန်းပေါင်း (၄၂,၄၈၆.၂၄၆) ကို စိစစ်ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ယနေ့

အစည်းအဝေးကို တက်ရောက်လာကြသည့် အဖွဲ့ဝင်ကိုယ်စားလှယ်တော်ကြီး များအနေနှင့် လူမှုဖူလုံရေးအဖွဲ့၏ ရှေ့ဆက်သွားမည့် စီမံကိန်း

အကောင်အထည်ဖော်ဆောင် ရွက်မှုများအပေါ် လိုအပ်သည့် လမ်းညွှန်ချက်များ၊ မူဝါဒများ ချမှတ်နိုင်ရေး အပြုသဘောဆောင် သည့် တိုက်တွန်း

အကြံပြုဆွေးနွေးမှုများကို ကြိုဆိုပါကြောင်းနှင့် အဖွဲ့ကတင်ပြမည့် လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး နိုင်ငံတော်၊ အလုပ်ရှင်၊

အလုပ်သမားများ၏ အကျိုးကို ရှေ့ရှု၍ ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးညှိနှိုင်းပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးမှ ယခင် (၁/၂၀၁၉)အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်

အကောင်အထည်ဖော်ပြီးစီးမှု၊ လူမှုဖူလုံရေးအဖွဲ့ ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်း

နောက် လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ သက်ဆိုင်ရာဌာနခွဲများ၏ လုပ်ငန်းဆောင် ရွက်ချက် များအား ရှင်းလင်းတင်ပြ

ခြင်း၊ အစည်းအဝေးတက်ရောက်လာသူများမှ အထွေထွေ ဆွေးနွေးခြင်း၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်မှ အစည်းအဝေးဆုံးဖြတ်ချက်

များ အပေါ် ပြန်လည်အတည်ပြုခဲ့ပြီးနောက် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား

ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားကာအစည်းအဝေးကို(၁၆:၁၅)နာရီအချိန်တွင်ရုတ်သိမ်းခဲ့ပါသည်။ ယနေ့

ကျင်းပပြုလုပ် ခဲ့သည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၀) တွင် မှတ်တမ်းတင်ရန် အမှာစာစောင်ရေ (၃၇) စောင်နှင့်

ဆုံးဖြတ်ရန်အချက် (၅) ချက်တို့အား သဘောတူ အတည်ပြုခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသား အဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၁/၂၀၂၀) သို့

အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး

ဦးသိန်းဆွေ၊ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့ အစည်းများမှကိုယ်စားလှယ်များ၊ အထူးဖိတ်ကြား

ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။