ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုမှ နည်းပြ ဆရာ/ဆရာမ(၂၅) ဉီးတို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့လေ့လာရေးအဖြစ် ခရီးသွားရောက်ခဲ့ပြီး ယနေ့ ၅-၁၁-၂၀၁၉ ရက်နေ့ ၁၄:၅၅ နာရီ အချိန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ


Union Civil Service Board/ Nay Pyi Taw / November 06, 2019


November 5, 2019

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုမှ နည်းပြ ဆရာ/ဆရာမ(၂၅) ဉီးတို့သည်မှ ၁၅-၁၀-၂၀၁၉ ရက်နေ့ ၄-၁၁-၂၀၁၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ ပြည်သူ့ အုပ်ချုပ်ရေးအကယ်ဒမီ (China National Academy of Governance-CNAG)တွင် ဖွင့်လှစ်ခဲ့သည့် “ 2019 Training Course for Myanmar Trainer” သင်တန်းသို့ တက်ရောက်ခဲ့ပြီး သင်တန်းတွင် တရုတ်နိုင်ငံ အစိုးရဝန်ထမ်းလေ့ကျင့်ရေးအခြေအနေ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်၏ ပြည်သူ့အုပ်ချုပ်ရေး၊ နိုင်ငံရေးအတွေး အခေါ်များ၊ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် တိုးမြှင့်ရေး အခြေအနေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စီမံခန့်ခွဲမှုနှင့် ယုံကြည်မှု(၄)ခု၊ အရေးပေါ်စီမံခန့်ခွဲမှု၊ ပြည်သူ့ဝန်ဆောင်မှု၏ အလေ့အကျင့်၊ သဘော တရား၊ တရုတ်ယဉ်ကျေးမှုအတွေ့အကြုံများ၊ တရုတ်ပြည်မှ နိုင်ငံ့ ဝန်ထမ်း အကြီးတန်းနှင့် အလယ်တန်းအဆင့် သင်တန်းများတွင် အဓိက သင်ကြားပေးနေမှုများ၊ သတင်းအချက်အလက်ကို အသုံးချ၍ အုပ်ချုပ်မှု စနစ်နှင့် အုပ်ချုပ်ရေး စွမ်းရည်တိုးတက်လာမှုစသည့် ဘာသာရပ်များကို လေ့လာသင်ကြားခွင့်ရရှိခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထင်ကရ နေရာများဖြစ်သည့် Great Wall ၊ World Heritage Old Town၊ Olympic Stadium ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့် နှစ်(၇၀) ပြည့်အခမ်းအနား အထိမ်းအမှတ်နေရာများသို့ လေ့လာရေးခရီး အဖြစ် သွားရောက်ခဲ့ပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် Beijing မြို့မှတစ်ဆင့် Lijiang မြို့၊ Kunming Nan မြို့များသို့လည်း လေ့လာရေး အဖြစ် ခရီးသွားရောက်ခဲ့ပြီး ယနေ့ ၅-၁၁-၂၀၁၉ ရက်နေ့ ၁၄:၅၅ နာရီ အချိန်တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိပါသည်။

နေပြည်တော်