ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ Video Conferencing ဖြင့် စီရင်ချက်များချမှတ်


The Supreme Court of the Union/ Naypyitaw / December 01, 2020


နေပြည်တော် ဒီဇင်ဘာ ၁

​​​​​​​

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာပြီးဖြစ်သော မှုခင်းများကို ယနေ့နံနက် ၀၉း၃၀ အချိန်က Video Conferencing ဖြင့်စီရင်ချက်များ ချမှတ်ခဲ့သည်။

​​​​​​​         

စီရင်ချက်များကို ရုံးခန်းအမှတ်(၂)၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ ဖြစ်ကြသည့် ဦးသာဌေး နှင့် ဦးခင်‌မောင်ကြည်တို့က ရာဇဝတ်ဆိုင်ရာအမှု(၃၁)မှုကို လည်းကောင်း၊ ရုံးခန်းအမှတ်(၃)၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြဟန်က တရားမဆိုင်ရာအမှု (၂၅)မှု ကိုလည်းကောင်း ချမှတ်ခဲ့သည်။

​​​​​​​         

​​​​​​​         

ကျန်ရှိနေသည့် ကြားနာပြီးမှုခင်းများအတွက်လည်း ယခင်ထုတ်ပြန်ကြေညာထားသည့်အတိုင်း သတ်မှတ်ရက်များတွင် စီရင်ချက် ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီရင်ချက် ချမှတ်နေမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website ဖြစ်သည့် http://www.unionsupremecourt.gov.mm နှင့် facebook စာမျက်နှာ https://web.facebook.com/ousc.publicrelation တို့မှ Live Streaming ထုတ်လွှင့်သွားမည်ဖြစ်ပါ၍ တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

​​​​​​​