ပဲခူးမြို့၌ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပပြုလုပ်


Bago Region Government/ ပဲခူးမြို့ / July 30, 2020


 

ဇူလိုင် (၃၀)ရက်

ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဘုရင့်နောင်လမ်း၊ Hotel Mariner(2)၌ ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများနည်းတူ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုပါကြောင်း၊ Covid-19 ရောဂါ ဆင့်ပွားကူးစက် ပြန့်ပွားမှုမရှိစေရေး ပြည်သူများကလည်း မိမိတို့၏ ကျန်းမာရေးအသိစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်မှုကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ပဲခူးမြို့ အထွေထွေဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်၊ ပဲခူးမြို့နယ် ဆရာဝန်အသင်း အတွင်းရေးမှူး ဒေါက်တာနေမျိုး၊ Bago Fever Clinic ကော်မတီဥက္ကဋ္ဌ ဦးဆန်းလွင်တို့က ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက Fever Clinic Bago မှ ဆရာဝန်(၁၅)ဦး၊ သူနာပြု(၆)ဦး၊ အကူသူနာပြု(၆)ဦး၊ ကြက်ခြေနီ(၆)ဦး၊ ဆေးခန်းသန့်ရှင်းရေး(၆)ဦး၊ ကြိုဆိုရေး(၆)ဦး၊ ပိုးသတ်ဆေးဖြန်း(၁)ဦး၊ ဝန်းရံ volunteer(စေတနာ့ဝန်ထမ်း)(၁၈)ဦး စုစုပေါင်း(၆၅)ဦးတို့အား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပဲခူးမြို့၌ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်းတံတား) တည်ဆောက်ရေးလုပ်ငန်းခွင့်သို့ သွားရောက်စစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အထူးအလေးထား တည်ဆောက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

​​​​​​​https://bagoregion.gov.mm/%e1%80%95%e1%80%b2%e1%80%81%e1%80%b0%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%81%8c-%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%86/