နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး


Ministry of Religious Affairs & Culture/ Naypyitaw / April 30, 2022
image_latest


 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၈-၄-၂၀၂၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဒုတိယဝန်ကြီးများ၊ ဆပ်ကော်မတီ ခုနစ်ခုတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မဟာမင်္ဂလာအခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် မှာကြားသည်။

          ထို့နောက် (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဆပ်ကော်မတီ ခုနစ်ခုတို့မှ ဥက္ကဋ္ဌများက ဆွေးနွေးတင်ပြကြရာ ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန