ထိုင်းနိုင်ငံ အောက်လွှတ်တော်မှ ပြည်သူ့လွှတ်တော်သို့ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask) များ ပေးပို့လှူဒါန်း


Pyithu Hluttaw/ နေပြည်တော် / November 03, 2020


Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးတွင် အသုံးပြုရန်အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထံသို့ ထိုင်းနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Chuan Leekpai က ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် နှာခေါင်းစည်း(Mask) (၂၀၀၀)ခု အား လည်းကောင်း၊ ထိုင်းနိုင်ငံ၊ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Suchart Tonjaroen က ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် နှာခေါင်းစည်း(Mask) (၆၀၀၀၀)ခုနှင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် နှာခေါင်းစည်း(Mask) (၃၀၀၀၀၀)ခု တို့အား ပေးအပ် လှူဒါန်းခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကိုယ်စား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့်သန်းက လက်ခံရယူခဲ့ပါသည်။

အဆိုပါ လှူဒါန်းမှုများအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်မှ ထိုင်းနိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌထံသို့ ကျေးဇူးတင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃ ရက်