စ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီးဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူး COVID-19ရောဂါကာကွယ်ဆေးဝယ်ယူရန် အလှူငွေများလှူဒါန်းခြင်းကို လက်ခံ


Sagaing Region Government/ Monywa / January 31, 2021
logo


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် နှင့်ဇနီး ဒေါ်တင့်တင့်(ခ) ဒေါ်ချူးချူး သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများ နှင့်အတူ ယနေ့ နံနက် (၉)နာရီက စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်ရှိ မိဂဒါဝုန်‌ချောင် မြရတနာသီလရှင်စာသင်တိုက်တွင် COVID-19ရောဂါကာကွယ်ဆေးဝယ်ယူရန် အလှူငွေများ လှူဒါန်းခြင်းကို လက်ခံရယူခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့်စပ်လျဥ်း၍ နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအပြင် စေတနာအလှူရှင်ပြည်သူများ အားလုံးပူးပေါင်းဆောင်ရွက်လျက်ရှိသော COVID-19 စစ်ဆေးရေးဂိတ်များထားရှိမှုအခြေအနေ၊ အသွားအလာကန့်သတ်စောင့်ကြည်နေရာများ ထားရှိမှုအခြေအနေ၊ လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများ ဝယ်ယူလှူဒါန်းပေးမှုအ​ခြေအနေနှင့် COVID-19ကာကွယ်ဆေးဝယ်ယူရန် အလှူငွေရရှိမှုအခြေအနေတို့အား ရှင်းလင်းလျှောက်ထားခဲ့ပြီး အလှူငွေများ လှူဒါန်းခြင်းကို ဆက်လက်ကျင်းပရာ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ဆရာတော်မှ အလှူငွေကျပ်(၁၀၀)သိန်း၊ စစ်ကိုင်းတိုင်း ဒေသကြီးသီလရှင်အမှုဆောင်အဖွဲ့ ဥက္ကဌ ဆရာကြီး ဒေါ်ပုညကာမီမှ အလှူငွေကျပ်(၁၀၀)သိန်းနှင့် ဒေသခံအလှူရှင်(၆)ဦးမှ ငွေကျပ်(၅၇)သိန်း၊ စုစုပေါင်းအလှူငွေကျပ်(၂၅၇)သိန်းအား လက်ခံရယူပြီး အလှူရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က မြင်းမူမြို့နယ် ကြော့မင်းကျေးရွာ COVID-19 ရောဂါ စစ်ဆေး‌ရေးဂိတ်သို့ ရောက်ရှိစစ်ဆေးပြီး တာဝန်ရှိသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
​​​​​​​