ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 24, 2024
![image_latest](https://www.moi.gov.mm/sites/default/files/news-image/2024-09/U%20Myo%20Thant.jpg)
နေပြည်တော် စက်တင်ဘာ ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် သဘာဝဘေးကြောင့် ပျက်စီးခဲ့သော နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ လမ်း၊ တံတားများ ယာယီပြင်ဆင်ပြီးစီးသည့် အခြေအနေ၊ အခိုင်အမာပြင်ဆင်တည်ဆောက်မည့် အစီအမံနှင့် ဆင်သေချောင်း၏ ပြင်ဆင်ထိန်းသိမ်းခြင်း ဆောင်ရွက်ရမည့်အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဆင်သေချောင်းတံတား (ပုပ္ပားကုန်း) သို့ ရောက်ရှိရာ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်းက ဆင်သေချောင်းတံတား (ပုပ္ပားကုန်း) တံတားထိပ်ခုံနှင့် ချဉ်းကပ်လမ်းတို့၏ မူလပျက်စီးမှု၊ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ၊ ပုပ္ပားကုန်းတံတားနှင့် ဒိုးပင်ခုံတံတားနှစ်စင်းအကြား လမ်းတာပေါင်မူလပျက်စီးမှုများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များမှာကြားပြီး တံတားနှစ်စင်း၏ ကြံ့ခိုင်မှု၊ ဆင်သေချောင်း၏ ရေစီးဆင်းမှုနှင့် ရေလမ်းကြောင်းအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အေးမြင့် သာယာတံတားသို့ ရောက်ရှိရာ တာဝန်ရှိသူများက တံတားထိပ်ခုံပျက်စီးခဲ့မှုနှင့် တံတားကြံ့ခိုင်မှုအခြေအနေ၊ ပြင်ဆင်ဆောင်ရွက်မည့် နည်းလမ်းများနှင့် အစီအမံတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အမြဲမပြတ်စစ်ဆေးကြပ်မတ်ရန်မှာကြားသည်။
ထို့အတူ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူက ဆင်သေချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေလမ်းကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တံတား၏ Up Stream နှင့် Down Stream တို့တွင် ရေလမ်းကြောင်းများ ကောင်းမွန်ရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တံတားကြံ့ခိုင်မှုနှင့် ရေလမ်းကြောင်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
- ကာကွယ်ရေးဝန်ကြီးဌာန
- ပြည်ထဲရေးဝန်ကြီးဌာန
- Test New Ministry
- နိုင်ငံခြားရေးဝန်ကြီးဌာန
- ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)
- ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)
- နယ်စပ်ရေးရာဝန်ကြီးဌာန
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
- အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
- ဥပဒေရေးရာဝန်ကြီးဌာန
- ပြန်ကြားရေးဝန်ကြီးဌာန
- သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန
- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
- သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
- စွမ်းအင်ဝန်ကြီးဌာန
- စက်မှုဝန်ကြီးဌာန
- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
- အလုပ်သမားဝန်ကြီးဌာန
- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
- ပညာရေးဝန်ကြီးဌာန
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
- အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
- တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန