စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ စောင်၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း
စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ စောင်၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 24, 2024
![image_latest](https://www.moi.gov.mm/sites/default/files/news-image/2024-09/Charlie%20Than.jpg)
နေပြည်တော် စက်တင်ဘာ ၂၃
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စု ၅၈၅ စု၊ လူဦးရေ ၅၀၀၀ ခန့်ရှိ လယ်ဝေးမြို့နယ် ပိတောက်ချောင်ကျေးရွာအုပ်စု ကွမ်းခြံကျေးရွာသို့ သွားရောက်ပြီး ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ထိုသို့တွေ့ဆုံစဉ် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှု၊ ပျက်စီးဆုံးရှုံးခဲ့မှု၊ ကျန်းမာရေးကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးမေးမြန်းပြီး ကျေးရွာရှိ အခြေခံပညာအထက် တန်းကျောင်းခွဲပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်နေမှု၊ ရေကောင်းရေသန့်များ ရရှိရေးဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေဘေးသင့်ပြည်သူများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးနေသည့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျေးရွာပြန်လည်ထူထောင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ သောက်ရေနှင့် သုံးရေများ သန့်ရှင်းစွာရရှိရေး၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ကျေးရွာဆက်သွယ်သည့် လမ်းပြုပြင်ရေးကိစ္စရပ်များကို ဆွေးနွေးပြီး စက်မှုဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများမှ ငွေကျပ် ၁၅၃၈၂၇၀၀ တန်ဖိုးရှိ ဆန်၊ စောင်၊ အဝတ်အထည်၊ ဖိနပ်၊ ရေသန့်ဆေးပြား၊ သောက်ရေသန့်နှင့် အသုံးအဆောင်ပစ္စည်းများ စသည်တို့ကို ကျေးရွာတာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းပြီး ကျေးရွာအတွင်း၌ ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် စိုက်ပျိုးရေးထွက်ကုန်များ ပြန်လည်ဆယ်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို အားပေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
- ကာကွယ်ရေးဝန်ကြီးဌာန
- ပြည်ထဲရေးဝန်ကြီးဌာန
- Test New Ministry
- နိုင်ငံခြားရေးဝန်ကြီးဌာန
- ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)
- ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)
- နယ်စပ်ရေးရာဝန်ကြီးဌာန
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
- အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
- ဥပဒေရေးရာဝန်ကြီးဌာန
- ပြန်ကြားရေးဝန်ကြီးဌာန
- သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန
- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
- သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
- စွမ်းအင်ဝန်ကြီးဌာန
- စက်မှုဝန်ကြီးဌာန
- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
- အလုပ်သမားဝန်ကြီးဌာန
- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
- ပညာရေးဝန်ကြီးဌာန
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
- အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
- တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန