ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် အခွန်အယူခံခုံအဖွဲ့ရုံးတို့၏ အသိပညာမျှဝေပေးခြင်း အစီအစဉ်ကျင်းပပြုလုပ် (၃-၇-၂၀၂၄ ရက်၊ နေပြည်တော်)
- နိုင်ငံခြားရေးဝန်ကြီးဌာန
- ပြည်ထဲရေးဝန်ကြီးဌာန
- ကာကွယ်ရေးဝန်ကြီးဌာန
- နယ်စပ်ရေးရာဝန်ကြီးဌာန
- ဥပဒေရေးရာဝန်ကြီးဌာန
- ပြန်ကြားရေးဝန်ကြီးဌာန
- ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)
- သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန
- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
- သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
- စွမ်းအင်ဝန်ကြီးဌာန
- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
- စက်မှုဝန်ကြီးဌာန
- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
- ပညာရေးဝန်ကြီးဌာန
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
- တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
- အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
- ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)
- အလုပ်သမားဝန်ကြီးဌာန
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
- အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
- Test New Ministry
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် အခွန်အယူခံခုံအဖွဲ့ရုံးတို့၏ အသိပညာမျှဝေပေးခြင်း အစီအစဉ်ကျင်းပပြုလုပ် (၃-၇-၂၀၂၄ ရက်၊ နေပြည်တော်)
အခွန်အယူခံခုံအဖွဲ့/ နေပြည်တော် / July 25, 2024
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် အခွန်အယူခံခုံအဖွဲ့ရုံးတို့၏ အသိပညာမျှဝေပေးခြင်းအစီအစဉ် ( Knowledge Sharing Program ) ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃-၇-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် (၁၀:၀၀)နာရီတွင် အခွန်အယူခံခုံအဖွဲ့ရုံး၊ ရုံးအမှတ်(၅၇)၊ နေပြည်တော်ရှိ စုပေါင်းခန်းမ၌ ကျင်းပရာ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး က တက်ရောက် အမှာစကားပြောကြားပါသည်။
ယင်းအစီအစဉ်သို့ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အသိပညာမျှဝေပေးခြင်းအစီအစဉ်တွင် ပြစ်မှုဆိုင်ရာဥပဒေနှင့် တရားမဥပဒေတို့၏ ခြားနားချက်များ၊ သက်သေခံအထောက်အထားများ လက်ခံသိမ်းဆည်းခြင်း၊ ပြန်လည်ပေးအပ်ခြင်း၊ ဖျက်ဆီးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လွှဲအပ်မှုများ လက်ခံကြားနာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပြင်ဆင်မှုများ ကြားနာဆုံးဖြတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စီရင်ချက်ရေးသားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမော်နှင့် သက်ဆိုင်ရာဌာန ညွှန်ကြားရေးမှူးများက ရှင်းလင်းပြောကြားရာ တက်ရောက်လာသူများက သိရှိလိုသည်များအား စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။