Test


Central Bank/ mnp / December 06, 2024


ssdf

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ( ၂/ ၂၀၁၅ ) အရ ဆက်သွယ်ရေးနှင့် အချက်အလက်နည်းပညာ ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ညာစာ အမှတ် (၉/၂၀၁၅) ဖြင့် သတင်း အချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေ ဦးစီးဌာန အနေဖြင့် ဌာနဆိုင်ရာ အသီးသီးမှ အကောင်အထည်ဖေါ် ဆောင်ရွက်ထား သည့် e-Government လုပ်ငန်းစဉ်များအား အကျိုးရှိရှိ ပေါင်းစပ် အသုံးပြုနိုင်ရေး၊ လုပ်ငန်းစဉ် အသစ်များအား လေ့လာ၍ စီမံကိန်း အသစ်များ ရေးဆွဲအကောင်အထည် ဖေါ်ဆောင်ရေး၊ သတင်း အချက်အလက် ဆက်သွယ်ရေး နည်းပညာ (ICT) စံနှုန်းများ သတ်မှတ်နိုင်ရေး၊ လိုအပ်သည့် ဥပဒေများ ပြဌာန်းနိုင်ရေး၊ ပြဌာန်းထားသည့် ဥပဒေနှင့်အညီ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး လုပ်ငန်းများ စနစ်တကျကြီးကြပ်၍ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေးနှင့် အဖွဲ့အစည်း၊ ဌာနဆိုင်ရာ အချင်းချင်းတို့အား ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ အောက်ဖေါ်ပြပါ ဌာနခွဲ(၈)ခုဖြင့် တည်ထောင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

 

သတင်းလုံခြုံရေးဌာန

လုံခြုံမှုစစ်ဆေးရေးဌာန

စီမံ/ဘဏ္ဍာ/ထောက်ပံ့ရေးဌာန

e-Government ဌာန

ဥပဒေ/နိုင်ငံတကာ/ပြန်ကြားရေးဌာန

အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန

ဂြိုဟ်တုဆက်သွယ်ရေးဌာန

သင်တန်းကျောင်း