နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရေဘေးသင့်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
- Ministry of Foreign Affairs
- Ministry of Home Affairs
- Ministry of Defense
- Ministry of Border Affairs
- Ministry of Legal Affairs
- Ministry of Information
- Ministry of Union Government Office (1)
- Ministry of Religious Affairs & Culture
- Ministry of Agriculture, Livestock and Irrigation
- Ministry of Transport and Communications
- Ministry of Natural Resources & Environmental Conservation
- Ministry of Electric Power
- Ministry of Energy
- Ministry of Immigration & Population
- Ministry of Industry
- Ministry of Commerce
- Ministry of Education
- Ministry of Planning and Finance
- Ministry of Investment and Foreign Economic Relations
- Ministry of Construction
- Ministry of Social Welfare, Relief & Resettlement
- Ministry of Hotel & Tourism
- Ministry of Ethnic Affairs
- Ministry of International Cooperation
- Ministry of Union Government Office (2)
- Ministry of Labour
- Ministry of Science and Technology
- Ministry of Sports and Youth Affairs
- Test New Ministry
No Data Available
နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရေဘေးသင့်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / September 24, 2024
![image_latest](https://www.moi.gov.mm/sites/default/files/news-image/2024-09/Dr%20Nyunt%20Phay_1.jpg)
နေပြည်တော် စက်တင်ဘာ ၂၃
နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရေဘေးသင့်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် ရေဘေးသင့်ခဲ့သော ဒေသများမှ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်ကျောင်းများကို အမြန်ဆုံးပြင်ဆင်ထူထောင်ကာ အောက်တိုဘာလတွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ကြရန်၊ ကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေပြီး နှစ်ဝက်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်ခြင်းမရှိသည့် ကျောင်းသား ကျောင်းသူများကို အစားထိုးပြန်လည်ဖြေဆိုနိုင်ရေးစီစဉ်ပေးရန်၊ ကျောင်းဆောင်နှင့် စာသင်ခန်းများ သန့်ရှင်းရေး၊ နုန်းများဆေးကြောရေး၊ သောက်ရေ၊ သုံးရေရရှိရေး၊ သန့်စင်ခန်းများ သန့်ရှင်းရေးနှင့် ကျောင်းသား ကျောင်းသူများ ပြန်လည်ကျောင်းတက်ရောက်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ရေဝင်ရောက်မှုကြောင့် ကျောင်းပိတ်ထားခဲ့ရသည့် ရက်များကို စနေ၊ တနင်္ဂနွေနေ့များတွင် အစားထိုးသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ရေဝင်ရောက်မှုကြောင့် ပျက်စီးခဲ့ရသည့် ကျောင်းဆောင်များနှင့် ပရိဘောဂများ ပြန်လည်ပြုပြင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ကျောင်းဆောင်၊ စာသင်ခန်း၊ သန့်စင်ခန်းများ သန့်ရှင်းရေးအတွက် သုံးရေ၊ သောက်ရေလုံလောက်စွာရရှိရေး ဆောင်ရွက်ပေးသွားမည့် အခြေအနေနှင့် ကျောင်းသား ကျောင်းသူများအတွက် လိုအပ်သည့် စာအုပ်စာတမ်းများနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးသွားမည့် အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာသူများက ကျောင်းအလိုက် လိုအပ်သည်များကိုလည်းကောင်း တင်ပြကြပြီး ဝိုင်းဝန်းဆွေးနွေးကြကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်