The Performances of Ayeyarwady Region Chief Minister U Hla Moe Aung on September 16, 2018


Ayeyarwaddy Region Government/ Pathein / September 18, 2018


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၆.၉.၂၀၁၈)ရက်နေ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ INGO များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနား၌ ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် ဒီနေ့ ကမ္ဘာကြီးမှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာပြီး ပြောင်းလဲတိုးတက်လာတဲ့ တီထွင်ဆန်းသစ်မှုများကြောင့် နည်းပညာဖွံ့ဖြိုးတိုးတက်လာတာနဲ့အတူ လူ့အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ကားတွေ၊ ရေခဲသေတ္တာတွေ၊ လေအေးပေးစက်တွေ၊ မီးသတ်ဆေးဗူးတွေ၊ အအေးခန်းသုံး Chiller စတဲ့ပစ္စည်းအမျိုးမျိုးဟာလည်း တစ်နေ့တစ်ခြား တိုးပွားဆန်းပြားလာပြီး ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာကြီးပူနွေးနှုန်းဟာ သိသိသာသာ မြင့်တက်လာပြီး အကျိုးဆက်အနေနဲ့ မိုးခေါင်ခြင်း၊ ရေကြီးခြင်းတွေအပြင် အယ်နီညို၊ လာနီညာ စတဲ့ ပုံမှန်ထက် ပိုမိုပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ဒီလိုလူသားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးမှုတွေထဲမှာ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ကတော့ ကမ္ဘာ့အပူချိန်ကို လျော့ချဖို့ ဆက်လက်ဆောင်ရွက်စို့ Keep Cool and Carry On ဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်းရှင်တွေ၊ ပြည်သူတွေ တစ်ဦးချင်းစီအနေနဲ့လည်း လက်ရှိ ပစ္စုပ္ပန်ကာလအတွက်သာမက အနာဂတ်မျိုးဆက်တွေကို ကမ္ဘာ့လေထုအတွင်း အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းတွေ ကင်းဝေးပြီး သာယာလှပတဲ့ ဘေးအန္တရယ်ကင်းရှင်းတဲ့ ကမ္ဘာကြီးကို လက်ဆင့်ကမ်းပေးနိုင်ဖို့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါလို့ အလေးအနက်ထား တိုက်တွန်းပြောကြားလိုကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။