Fourth (1) year operation Press conference held by Bago Region Government
Fourth (1) year operation Press conference held by Bago Region Government
Bago Region Government/ Bago / August 20, 2020
ပဲခူး ၁၉ ရက်နေ့
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ(၁)နှစ်တာကာလ လုပ်ငန်းဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲအား သြဂုတ်လ(၁၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က အစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံပြီး ပြည်ထောင်စု၏ ချမှတ်ထားသည့် မူဝါဒများအပေါ် တိုင်းဒေသကြီးလွှတ်တော်နှင့်ပေါင်းစပ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေလျက်ရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ အခြေခံပြည်သူများအတွက် ဥပဒေအထောက်အကူပြုရုံးများအား မြို့နယ်အလိုက် ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ အဓိကအားဖြင့် အစိုးရအဖွဲ့ (၄)နှစ်တာကာလအတွင်း မြေယာကိစ္စရပ်များ၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား ပြည်ထောင်စုမှ ချမှတ်ထားသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တက်ရောက်လာသည့် မီဒီယာများ၏ မေးမြန်းမှုများနှင့်ပတ်သက်၍လည်း ကိန်းဂဏန်း အချက်အလက်အပြည့်အစုံအား သက်ဆိုင်ရာ ဌာနဆိုင်ရာများတွင် တောင်းယူနိုင်ပါကြောင်းနှင့် Covid-19 ကာလဖြစ်၍ မေးခွန်းများ၏ အကျဉ်းချုပ်ကို ဖြေကြားသွားမည်ဖြစ်ပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မီဒီယာတစ်ဦးချင်းအလိုက်မိတ်ဆက်ခြင်းနှင့် အစိုးရအဖွဲ့ဝင်များမှလည်း တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီးနောက် ဦးဇော်မိုး(Weekly Head Line News Journal)က တိုင်းရင်းသားစာပေ သင်ကြားနေမှု၊ တိုးတက်မှုအခြေအနေနှင့် အစိုးရအဖွဲ့(၄)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများအပေါ် ကျေနပ်အားရမှုနှင့် အဓိကတွေ့ရှိရသည့် စိန်ခေါ်မှုနှင့် အခက်အခဲများအား သိရှိလိုကြောင်းကိုလည်းကောင်း၊ ဦးသူရ(ခ) ဦးဧရာ(Channel B)က ပဲခူးမြို့၊ စည်ပင်သာယာပိုင် လမ်းနယ်ဧရိယာအတွင်း Mytel Tower တည်ဆောက်ထားရှိမှုအပေါ် ဖြေရှင်းဆောင်ရွက်ထားရှိမှုအား သိရှိလိုကြောင်း၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဘုန်းတော်ကြီးကျောင်းသွားရာလမ်း သံထည်များစုပုံထားမှုအား ဖြေရှင်းပေးရန်နှင့် နန်းတော်ရာရပ်ကွက်၊ မီးတာကွင်းနေရာအား မူလအတိုင်း အားကစားကွင်းမြေနေရာအဖြစ် ထားရှိပေးရန်ကိုလည်းကောင်း၊ ဦးရဲမင်း(ဟံသာဝတီတိုင်းဂျာနယ်)က ပဲခူးမြို့ရှိ စိုက်ပျိုးရေးဇုန်အား အခြားနည်းပြောင်း၍ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ၊ BRCB(T)အား ရပ်ဆိုင်းထားရန် အစီအစဉ်ရှိ/မရှိနှင့် အသုံးစရိတ် သုံးစွဲနေမှုအပေါ် ပွင့်လင်းမြင်သာစွာ ဖော်ပြပေးရန်ကိုလည်းကောင်း၊ ဦးမောင်အေး(Eleven Media Group) က ကျေးလက်လမ်း ဖောက်လုပ်ရာတွင် တင်ဒါအောင်ကုမ္ပဏီများ လုပ်ငန်းဆောင်ရွက်မှုတွင် တင်ဒါစည်းကမ်းနှင့်ညီညွှတ်မှုမရှိသော ကုမ္ပဏီများကို အရေးယူဆောင်ရွက်နေမှုအခြေအနေ၊ ပျဉ်ပုံကြီး Toll Gate တွင် လမ်းကြေးပေးဆောင်နေရသည့် ဒေသခံပြည်သူများအပေါ် ဖြေလျော့ပေးနိုင်မည့် အခြေအနေနှင့် ဝေါမြို့ဝင်ကြေးဂိတ် ငွေကြေးပိုမိုကောက်ခံနေသည့်ကိစ္စ ဖြေရှင်းဆောင်ရွက်ပေးရန်ကိုလည်းကောင်း၊ ဦးစိုးဝင်း(ခေတ်ပုံရိပ်ဂျာနယ်)က ပဲခူးမြို့၊ နန်းတော်ရာမြို့ရိုး ကျူးကျော်နေအိမ်များကိစ္စ ဖြေရှင်းပေးရန်၊ အလင်းရောင်ရပ်ကွက် (၄)လမ်းမှစ၍ ရေကြီးနေမှုအား ရေမြောင်းများ တူးဖော်ပေးရန်နှင့် အလင်းရောင်(၁)ရပ်ကွက်၊ စည်ပင်သာယာရေးအဖွဲ့ပိုင် ရေစက်နေရာမှ ဈေးဆိုင်ခန်းများကိစ္စတို့အား ဖြေရှင်းပေးရန်တို့ကိုလည်းကောင်း၊ ဦးမျိုးမြတ်(မြစ်မခအေဂျင်စီ)က အစိုးအရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအပေါ် စည်းကမ်းပျက်မှုများအား အရေးယူဆောင်ရွက်နေမှု အခြေအနေနှင့် (၄)နှစ်တာကာလ စားကျက်မြေစိုက်ပျိုးမှုများအပေါ် ဖြေရှင်းပေးနေမှု အခြေအနေကိုလည်းကောင်း၊ ဦးအောင်စိုးမိုး(DVB)က အလောင်းကစားမှုများအပေါ် စီမံချက်ချမှတ်၍ အရေးယူဆောင်ရွက်နေမှု အခြေအနေနှင့် ယစ်မျိုးလိုင်စင်မရှိဘဲ ရောင်းချနေမှုများ အရေးယူဆောင်ရွက်နေမှု အခြေအနေနှင့် ယစ်မျိုးလိုင်စင်ရှိသူများအတွက် နစ်နာနေမှု အခြေအနေတို့ကိုလည်းကောင်း၊ ဦးအောင်ဇော်(အမိမြေဂျာနယ်)က တိုင်းဒေသကြီးအတွင်း စည်ပင်ပိုင်မြေ/အဆောက်အဦနှင့် သမဝါယမပိုင် မြေ/အဆောက်အဦ နှစ်ရှည်ငှားရမ်းထားမှု၊ ငှားရမ်းခများ ထုတ်ပြန်ပေးရန်၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ သတင်းမီဒီယာများ သတင်းရယူနိုင်မှု အခန်းကဏ္ဍနှင့် ဌာနဆိုင်ရာများနှင့် သတင်းမီဒီယာများ သတင်းရယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရမည့် ဖုန်းနံပါတ်များ သိရှိလိုပါကြောင်းကိုလည်းကောင်း၊ ဦးဖြိုးကိုလင်း(5 Plus)က ပုဒ်မ(၁၄၄)ထုတ်ပြန်ထားသည့် စားကျက်မြေများအတွင်း စိုက်ပျိုးထားသူများအား ရိတ်သိမ်းခွင့်ရရှိရေး၊ အင်းဂရန်ချထားမှုများ ပွင့်လင်းမြင်သာမှုရှိစေရေး အစိုးရပိုင်းမှ ဆောင်ရွက်နေမှု အခြေအနေနှင့် Covid-19 ကာလအတွင်း နိုင်ငံတော်ထောက်ပံ့မှု၊ အစိုးရထောက်ပံ့မှုနှင့် ပြည်သူများ လှူဒါန်းမှု စသည်တို့အတွက် သုံးစွဲနေမှုအခြေအနေနှင့် Covid-19 ကာလအတွင်း ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားချက်များ လိုက်နာမှုမရှိသူများ အရေးယူဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်းကောင်း၊ ဦးနေထက် (Bago Weekly Journal)က ကလိကျေးရွာနှင့် ရှမ်းရွာကြီးကျေးရွာတို့အကြား စက်မှုဇုန် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မြို့ဦးကင်း စျေးအသစ်တည်ဆောက်ရန် လျာထားမှု၊ ပဲခူးမြစ်အတွင်း စည်းကမ်းမဲ့ သဲစုတ်ယူနေမှုနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း အခြားနည်းသုံးစွဲခွင့် ရရှိထားသည့် စာရင်းများသိရှိလိုကြောင်းကိုလည်းကောင်း၊ ဦးမောင်မောင်ချို(ပြည်သူ့ဘ၀ဂျာနယ်)က သိမ်းဆည်းခံလယ်ယာမြေများ ဖြေရှင်းဆောင်ရွက်ပြီးစီးမှု၊ အမှုပိတ်သိမ်းခြင်းဆိုင်ရာနှင့် မြေယာအငြင်းပွားနေမှုပေါ် ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဒေါ်ဝေဇင်ကြည်(Bago Watch News Agency)က ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံများကိစ္စနှင့် ဇီးကုန်းမြို့နယ်၊ လေးမျက်နှာကျေးရွာ တိုက်နယ်ဆေးရုံ တည်ဆောက်ပေးရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေတို့အား မေးမြန်းခဲ့ရာ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက အသီးသီးပြန်လည်ဖြေကြားခဲ့ကြသည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက အစိုးရနှင့်မီဒီယာသည် အမြဲချိတ်ဆက်၍ ပြည်သူများ လက်လှမ်းမမီနိုင်သည့် သတင်းစကားများအား ဖြေကြားပေးနေသည့် စတုတ္ထမဏ္ဍိုင်တစ်ခုဖြစ်ပါကြောင်း၊ ပဲခူးတိုင်းအစိုးရအဖွဲ့မှလည်း ထုတ်ပြန်လို့ရသည့် သတင်းများအား အချိန်နှင့်တစ်ပြေးညီ website(www.bagoregion.gov.mm)၊ Social Media ဖြစ်သော Facebook Page(Bago Region Government Office)ဖြင့်လည်းကောင်း၊ နှစ်အလိုက် ဘတ်ဂျက်များနှင့် စီမံကိန်းများကို e-bago (www.ebago.gov.mm)ဖြင့် လည်းကောင်း ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ပဲခူးမြို့သည် ပြည်နယ်/တိုင်းဒေသကြီးများသို့ ဖြတ်သန်းရာ လမ်းဆုံမြို့ဖြစ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် များပြားလျက်ရှိရာ မိမိတို့အစိုးရလက်ထက်တွင် အင်းတကော်မြို့မှ ဘုရားကြီးလမ်းဆုံအထိ လမ်းမီးများ ဆောင်ရွက်ပေးနိုင်ခဲ့၍ ယခင်ကထက် အထိုက်အလျောက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အန္တရာယ်ကင်းရှင်းနိုင်ခဲ့ပါကြောင်း၊ မြို့ပြ/ကျေးလက် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ မြစ်ကူးတံတားကြီးများ တည်ဆောက်နေသဖြင့် မကြာမီ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ နေပြည်တော်၊ မွန်ပြည်နယ်တို့နှင့် အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ပြီး အထူးသဖြင့် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ဒေသများ ဖွံ့ဖြိုးတက်ရေးကို မြင်တွေ့ရတော့မည်ဖြစ်ပါကြောင်းနှင့် သတင်းမီဒီယာများ၏ မေးမြန်းမှုများအပေါ် အချိန်ကိုငဲ့ကွက်၍ အကျဉ်းချုပ်ဖြေကြားခဲ့မှုပေါ် နားလည်မှုပေးစေလိုပါကြောင်းနှင့် ယခုလို အစိုးရအဖွဲ့၏ စတုတ္ထ(၁)နှစ်တာကာလ လုပ်ငန်းဆောင်ရွက်မှုရှင်းလင်းပွဲသို့ တက်ရောက်လာသည့် မီဒီယာများအားလုံး ကျေးဇူးတင်ရှိပါကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
အခမ်းနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
- Ministry of Defense
- Ministry of Home Affairs
- Ministry of Foreign Affairs
- Ministry of Union Government Office (1)
- Ministry of Union Government Office (2)
- Ministry of Border Affairs
- Ministry of Planning and Finance
- Ministry of Investment and Foreign Economic Relations
- Ministry of International Cooperation
- Ministry of Legal Affairs
- Ministry of Information
- Ministry of Religious Affairs & Culture
- Ministry of Agriculture, Livestock and Irrigation
- Ministry of Transport and Communications
- Ministry of Natural Resources & Environmental Conservation
- Ministry of Electric Power
- Ministry of Energy
- Ministry of Industry
- Ministry of Immigration & Population
- Ministry of Labour
- Ministry of Commerce
- Ministry of Education
- Ministry of Science and Technology
- Ministry of Sports and Youth Affairs
- Ministry of Construction
- Ministry of Social Welfare, Relief & Resettlement
- Ministry of Hotel & Tourism
- Ministry of Ethnic Affairs
- Ministry Testing -TRT
- Ministry of NN
- Ministry of TT
- Ministry of HH
- Ministry of PP
- CHAW EI MYAT THU (Ministry)
- AyeMyatThu (Testing)
- Ministry of ITCS
- Test Ministry by SL 2
- Ministry of Saint (104)
- Ministry of GPMS
- Ministry of Haymann Soe
- CZ ဝန်ကြီးဌာန