ASEM Global Ageing Center နှင့် သက်ကြီးရွယ်အိုဆိုင်ရာသုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်


Ministry of Social Welfare, Relief & Resettlement/ Nay Pyi Taw / September 11, 2018


အာရှ-ဥရောပနိုင်ငံများသက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာညီလာခံဒုတိယနေ့ အစီအစဉ်များကိုကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Four Seasons ဟိုတယ်တွင် ဆက်လက်ကျင်းပရာလူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးဆက်လက်တက်ရောက် ပါဝင်ဆွေးနွေးခဲ့ပါသည်။
    အစည်းအဝေးတွင် အာရှ-ဥရောပအဖွဲ့ဝင်နိုင်ငံများအတွင်းသက်ကြီးရွယ်အိုများအားရေရှည်စောင့်ရှောက်မှု၊ နိုင်ငံအလိုက်အရည်အသွေး၊ နည်းပညာ၊ နည်းစနစ်များပိုမိုကောင်းမွန်စေရေး၊ သက်ကြီးရွယ်အိုများအားလူမှုစီးပွားရေး၊ နိုင်ငံရေး၊ အလုပ်အကိုင်ရရှိရေးတို့တွင် လစ်လျူရှုခြင်းနှင့် ခွဲခြားဆက်ဆံမှုများလျော့နည်းပပျောက်စေရေး၊ သက်ကြီး ရွယ်အိုအခွင့်အရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများကိုသက်ကြီးရွယ်အိုများကိုယ်တိုင်နှင့် စောင့်ရှောက်ကူညီပေးသူများ သိရှိနားလည်စေရေး၊ ASEMအဖွဲ့ဝင်နိုင်ငံများအချင်းချင်းသက်ကြီးရွယ်အိုအခွင့်အရေး မြှင့်တင်ရေးဆိုင်ရာအလေ့ အကျင့်ကောင်းများ၊ သတင်းအချက်အလက်များ မျှဝေရေးနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာများသုတေသနပြု အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများအခွင့်အရေးအပြည့်အဝရရှိရေး၊ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးတို့ကိုဦးတည်ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်းဆွေးနွေးခဲ့ပြီးဆုံးဖြတ်ချက် များ ချမှတ်ကာညနေပိုင်းတွင် အစည်းအဝေးပိတ်ပွဲအခမ်းအနားကျင်းပခဲ့ပါသည်။
    မြန်မာနိုင်ငံအနေဖြင့်လည်းသက်ကြီးရွယ်အိုများလူ့ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရေး၊ အခွင့်အရေးအပြည့်အဝရရှိနိုင် ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  သက်ကြီးရွယ်အိုများအားပစ်ပယ်ခြင်း၊ အသုံးချစေခိုင်းခြင်း၊ ဆင်းရဲနွမ်းပါးခြင်းဆိုင်ရာများနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများကိုASEM  Global  Ageing Center နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။