မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း MCPA ,ICT Tour(Digitai Transformation )နယ်လှည့် နည်းပညာဟောပြော


Union Civil Service Board/ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ / May 20, 2019


မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း MCPA ,ICT Tour(Digitai Transformation )နယ်လှည့် နည်းပညာဟောပြော

တောင်ကြီး         မေ- ၂၀

ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာရှင်အသင်း MCPA, ICT Tour (Digitai Transformation) နယ်လှည့် နည်းပညာဟောပြောပွဲကိုမေ(၂၀)ရက်မွန်းလွဲ(၁)နာရီကတောင်ကြီးမြို့ရှမ်း ပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က Government စနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ဖို့ ICT လူ့စွမ်းအားအရင်းအဖြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရည်အသွေးပြည့်ဝတဲ့ ICT ကျွမ်းကျင်ဝန်ထမ်းများ မဖြစ်မနေလိုအပ်လာမှာဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှ "နိုင်ငံကောင်းမယ်" ဆိုသည့် စကားပုံ အတိုင်း ဝန်ထမ်းများ အဖက်ဖက်မှ အရည်အချင်းတိုးတက်လာမှသာ နိုင်ငံတော်အတွက် အားထားရသည့်ဝန်ထမ်းကောင်း တွေကို မွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်း၊ ICT ဟာကမ္ဘာတစ်ဝှမ်းမှာ နေရာတိုင်းလိုလိုတွင် မရှိမဖြစ်ပါဝင်လာပြီးဖြစ်လို့ မိမိတို့တိုင်းဒေသကြီးများတွင် ICTတိုးတက်ဖို့ရန် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း ပြောကြား သည်။

            ဆက်လက်၍ တက်ရောက်လာသည့်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် မြန်မာ နိုင်ငံကွန်ပျူတာရှင်အသင်းမှ ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

            ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာရှင်အသင်း ဒုတိယဥက္ကဌ ဦးမင်းဦး၊ အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းနှင့် အလုပ်အမှု ဆောင်များက "Cyber Security "၊ "Building Capacity And Readiness for e- Government Transformation"၊ "Current Trends ln Digital Economy" အကြောင်းတို့ကို powerpoint ဖြင့်ရှင်းလင်းဟောပြောပြီး တက်ရောက်လာသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများက သိလိုသည်များမေးမြန်းရာ မြန်မာနိုင်ငံကွန်ပျူတာရှင်အသင်း ဒုတိယဥက္ကဋ္ဌ တာဝန်ရှိသူတို့က ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) 09− 250132943