စွန့်ပစ်အမှိုက်များစနစ်တကျစီမံခန့်ခွဲရေး၊ စနစ်တကျ ခွဲခြားစွန့်ပစ်ရေးလုပ်ငန်းများနှင့်ပက်သက်၍ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်


Naypyitaw Development Committee/ နေပြည်တော် / January 29, 2019


နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အဓိကကျသည့်အချက်များအနက်မှ စွန့်ပစ်အမှိုက် များ စနစ်တကျစီမံခန့်ခွဲရေး၊ အမှိုက်စနစ်တကျစွန့်ပစ်ရေး၊ အမှိုက်ခွဲခြား စွန့်ပစ်ရေးလုပ်ငန်းများနှင့် ပက်သက်၍ အသိပညာပေးလုပ်ငန်းများကို ဌာနအနေဖြင့်လည်းကောင်း၊ အခြားဌာနများနှင့်ပူးပေါင်း၍ လည်းကောင်း အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်တွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီး၍ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၇) အခြေခံပညာအထက်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားတွင် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ အမှိုက်များစနစ်တကျစွန့်ပစ်ရေး လုပ်ငန်းများ အသိပညာပေးပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဦးစသန်းထိုက် ဦးဆောင်သည့် အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။