“မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှု မျှော်မှန်းချက် ပြည့်မီရေး”ဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
“မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှု မျှော်မှန်းချက် ပြည့်မီရေး”ဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Planning and Finance/ နေပြည်တော်၊ ဇန်နဝါရီလ ၂၂ ရက် / January 22, 2019
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် ကုလသမဂ္ဂအပြည်ပြည် ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့(UNICEF)တို့ ပူးပေါင်းဆောင်ရွက်သည့် “မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှု မျှော်မှန်းချက်ပြည့်မီရေး” ဆိုင်ရာ အကြိုညှိနှိုင်း အစည်းအဝေး ကို (၂၁-၁-၂၀၁၉) ရက်နေ့ နံနက်(၀၉:၃၀)နာရီတွင် ရုံးအမှတ်(၃၂)၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆက်အောင်မှ အဖွင့် အမှာ စကား ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးဦးဆက်အောင်က ယခုပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့နှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)တို့ ပူးပေါင်းကျင်းပခဲ့သည့် ကလေးများအတွက် “မျှော်မှန်း ချက်အသစ်၊ ရလဒ်အသစ်” (New Vision၊ New Results for Children) အဆင့်မြင့် ညီလာခံ မှ ရရှိလာသည့် မူဝါဒဆိုင်ရာ အကြံပြုချက်များမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းနိုင်ရန်နှင့် လေ့လာသုံးသပ် ဆွေးနွေးမှုရလဒ်များအပေါ် မူဝါဒဆိုင်ရာ အကြံပြုချက်များအရ မြန်မာနိုင်ငံရှိ ကလေးများ၏ အဓိက တိုးတက်မှုရလဒ်များကို ဖော်ထုတ်ရန် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များနှင့် လုပ်ငန်းအစီအစဉ်များအတွက်လိုအပ်သည့် စီမံကိန်းများ ထည့်သွင်းတည်ဆောက်၍ ခွဲခြမ်းစိတ်ဖြာမှုများပြုလုပ်ပြီး Project Bank အောက်တွင်ထားရှိ၍ ပွင့်လင်းမြင်သာစေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ UNICEF ဌာနေကိုယ်စားလှယ်၊ Ms. June Kunugi မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်မှ “မျှော်မှန်း ချက်အသစ်၊ ရလဒ်အသစ်”(New Vision၊ New Results for Children) အဆင့်မြင့်ညီလာခံမှ ဆွေးနွေးခဲ့သည့် အချက်အလက်များအပေါ် မူဝါဒဆိုင်ရာ သုံးသပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်မှ ဦးဆောင်၍ ဆက်လက်ဆွေးနွေး ခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းမှ “ကလေးတိုင်းအတွက် ဘဝကို အကောင်းဆုံး နည်းလမ်းဖြင့် စတင်နိုင်အောင် ဆောင်ရွက်ပေးရေး”Ensuring the best start in life for every child ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မူမူအောင်မှ “ကလေးတိုင်း အတွက် အရည်အသွေးမီ ပညာသင်ကြားခွင့်ရရှိစေရေး” Meeting the right to quality education for every child ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန် ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ ရဲမှူးချုပ် ဦးမြင့်ထူးမှ“ကလေးများအားအကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများမှ ကာကွယ်စောင့်ရှောက်ပေးရေး” Protecting children against violence, abuse, trafficking and exploitation ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှ “ကလေးများ၏ဆင်းရဲမှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချပေးရေးနှင့် ကလေး သူငယ်ကာကွယ်စောင့်ရှောက်ပေးရေး”Reducing child vulnerabilities to poverty and external shocks: social protection, disaster risk reduction, preparedness ခေါင်းစဉ်ဖြင့်လည်းကောင်း၊စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်း ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်မှ “ထိရောက်သော စီမံချက်များဖြစ်စေရေးနှင့် ရန်ပုံငွေ ခွဲဝေချထားပေးရေး” Evidence and budgets as catalytic factors ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် Parallel Group Discussion ကို ဆက်လက်ပြုလုပ်ရာ Discussion Session တွင် ခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြချက်များအပေါ် အုပ်စုအလိုက် ပြန်လည် ဆွေးနွေးတင်ပြခဲ့ကြပါသည်။
၎င်းနောက် UNICEF Deputy Representative၊ Mr. Paul Edwards မှ ဦးဆောင်၍ အုပ်စုအလိုက် မိမိတို့သက်ဆိုင်ရာခေါင်းစဉ်ဖြင့် ဆွေးနွေးချက်များအပေါ် Presentation ပြုလုပ် ပြသခဲ့ကြ ပါသည်။
အဆိုပါ အစည်းအဝေးသည် မြန်မာနိုင်ငံရှိကလေးများအတွက် ၂၀၁၆ ခုနှစ်မှစတင်၍ ရရှိထားသော အဓိကတိုးတက်မှုရလဒ်များကိုဖော်ထုတ်ရန်၊ MSDP မဟာဗျူဟာများနှင့် ကိုက်ညီမှု ရှိ/မရှိ သုံးသပ်ဆွေးနွေးရန်၊ MSDP နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်စပ် စီမံကိန်းများကို အကောင်အထည်ဖော်မှုသည် SDGs သဘောတရားနှင့်အညီ မြန်မာနိုင်ငံရှိ ကလေးတိုင်း ဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည့် နယ်ပယ်များကို သတ်မှတ်ဖော်ထုတ်ရန် ရည်ရွယ်၍၂၀၁၉ ခုနှစ်၊ဇန်နဝါရီ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် “မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက် ပြည့်မီရေးအဆင့်မြင့်ဖိုရမ်” အတွက် အကြိုညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။
အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဦးစီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဗဟိုစာရင်းအင်းအဖွဲ့မှ တာဝန်ရှိသူ များအပါအဝင် စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)
- Ministry of Defense
- Ministry of Home Affairs
- Ministry of Foreign Affairs
- Ministry of Union Government Office (1)
- Ministry of Union Government Office (2)
- Ministry of Border Affairs
- Ministry of Planning and Finance
- Ministry of Investment and Foreign Economic Relations
- Ministry of International Cooperation
- Ministry of Legal Affairs
- Ministry of Information
- Ministry of Religious Affairs & Culture
- Ministry of Agriculture, Livestock and Irrigation
- Ministry of Transport and Communications
- Ministry of Natural Resources & Environmental Conservation
- Ministry of Electric Power
- Ministry of Energy
- Ministry of Industry
- Ministry of Immigration & Population
- Ministry of Labour
- Ministry of Commerce
- Ministry of Education
- Ministry of Science and Technology
- Ministry of Sports and Youth Affairs
- Ministry of Construction
- Ministry of Social Welfare, Relief & Resettlement
- Ministry of Hotel & Tourism
- Ministry of Ethnic Affairs
- Ministry Testing -TRT
- Ministry of NN
- Ministry of TT
- Ministry of HH
- Ministry of PP
- CHAW EI MYAT THU (Ministry)
- AyeMyatThu (Testing)
- Ministry of ITCS
- Test Ministry by SL 2
- Ministry of Saint (104)
- Ministry of GPMS
- Ministry of Haymann Soe
- CZ ဝန်ကြီးဌာန