(၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား(ပထမပိုင်း) မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညို၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာအခမ်းအနား ကျင်းပ


Ministry of Religious Affairs & Culture/ Naypyitaw / May 16, 2022
image_latest


   (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား(ပထမပိုင်း) မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညို၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာအခမ်းအနားကို ၁၄-၅-၂၀၂၂  ရက်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးလိုဏ်ဂူတော်အတွင်း ဂေါတမဗုဒ္ဓရုပ်ပွားဆင်းတုတော်ရှေ့၌ ကျင်းပသည်။

 

   အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီ‌တော် ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် နေပြည်တော်၊ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ(ပါဠိဆရာတော်)အမှူးပြုသည့်ဆရာတော်၊ သံဃာတော်များ ကြွရောက် ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအေးထွန်း၊ ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည် ညိုကြသည်။

 

   ဦးစွာ ဥပ္ပါတသန္တိစေ‌တီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ပါဠိဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသည့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

 

          ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စျာယ်တော်မူသော မေတ္တသုတ်တရား‌တော် များကို နာယူကြည်ညိုကြပြီး သံဃာ‌တော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆက်ကပ် လှူဒါန်းကြသည်။

 

   ယင်းနောက် ဥပ္ပါတသန္တိစေ‌တီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ပါဠိဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းလောင်းအမျှ‌ပေးဝေကာ အခမ်းအနား(ပထမပိုင်း)ကို ရုပ်သိမ်းလိုက်ကြောင်း ဖော်ပြအပ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန