အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပခဲ့သော ASEAN COORDINATING COMMITTEE ON ELECTRONIC COMMERCE AND DIGITAL ECONOMY (ACCED) ၏ (၂၃) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့


Ministry of Transport and Communications/ NayPyiTaw / January 10, 2024


အာဆီယံ‌ဒေသတွင်း စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်အားဖြစ်သည့်    e-Commerce အသုံးပြုမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဖွဲ့ဝင်နိုင်ငံများအား စွမ်းဆောင်ရည် မြှင့်တင်ပေးရန်၊ ဒီဂျစ်တယ်ပေါင်းစည်းမှုကို အရှိန်မြှင့်တင်ရန်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို ဖြေရှင်းရန်နှင့် အာဆီယံ၏သက်ဆိုင်ရာကဏ္ဍအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားနိုင်ရန် စသည်တို့ကို  ရည်ရွယ်၍    ASEAN Coordinating Committee on Electronic Commerce (ACCEC) အား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏လုပ်ငန်းတာဝန်များကို ၂၀၁၆ ခုနှစ်မှ စတင်၍ ယနေ့အချိန်ထိ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်လျက်ရှိရာ မြန်မာနိုင်ငံသည်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်တွင် ASEAN Coordinating Committee on e-Commerce and Digital Economy (ACCED) ဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

ACCED ၏ (၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့နှင့် (၁၆) ရက်နေ့များတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် Dialogue partner များတက်‌ရောက်ခဲ့ပါသည်။ မြန်မာ နိုင်ငံမှ ACCED ၏ Lead Focal အဖြစ် ဆောင်ရွက်လျက်ရှိသော သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ e-Government ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင် တက်ရောက် ဆွေးနွေးခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် တက်ရောက်လာကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များမှ ASEAN Digital Economy Framework Agreement (DEFA)၊ ASEAN Online Sale Day (AOSD)၊ ASEAN Digital Integration Framework Action Plan (DIFAP) နှင့် ASEAN Digital Integration Index (ADII) စသည့် လုပ်ငန်းရပ်များ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်ဟု သတင်းရရှိ ပါသည်။