ဟိုပင်မြို့တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / January 28, 2021
မရွှေဇင်မြင့်(ခ)သူသူ အားသိမ်းဆည်းရမိသည့် ဘိန်းဖြူများနှင့်အတူတွေ့ရစဉ်


      ဇန်နဝါရီလ ၂၅ ရက်နေ့ ၁၄၄၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ဟိုပင်မြို့၊ ဟိုပင်တိုးဂိတ်အနီး၊ ရွှေဘို-မြစ်ကြီးနားလမ်းတွင် မသင်္ကာဖွယ်ရပ်တန့်ထားသည့် VOXY အမျိုးအစားမော်တော်ယာဉ်ကိုစစ်ဆေးရှာဖွေရာ ယာဉ်မောင်း မရွှေဇင်မြင့်(ခ)သူသူအား တွေ့ရှိရပြီး ယာဉ်ပေါ်ရှိ ကြိမ်ခြင်းများအတွင်း သီးနှံများနှင့်ရောနှောသယ်ဆောင်လာသော ဘိန်းဖြူ ၂ ဒသမ ၄၄၈ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မရွှေဇင်မြင့်(ခ)သူသူ(၂၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။